အလုပ်ထုတ်ခံလိုက်ရတဲ့ ဘဏ်မန်နေဂျာရဲ့ ဆွဲကြိုးချသေဆုံးရခြင်းနောက်ကွယ်က အကြောင်းအရင်း

3712

“ရိုးသား ကြိုးစားတဲ့လူငယ်လေးတစ်ယောက်…”ဘဏ်တစ်ခုရဲ့ဆောက်လုပ်ရေးလုပ်ငန်းကအင်ဂျင်နီယာ…ဆယ်စုနှစ်လောက်ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ခဲ့တယ်..အခုအသက် ၃၈ နှစ်ရောက်လာတော့ General manager ရာထူးကိုရထားပေမဲ့ကိုယ်ပိုင်အိမ် တိုက်ခန်းမရှိလို့ ကုမ္ပဏီကပေးတဲ့အိမ်ခန်းကျဉ်းလေးမှာပဲနေရပါတယ်…

ကုမ္ပဏီကို”လူကြီး” အသစ် “ဆက်ခံ”ရောက်ရှိလာတယ် သူ့အကြောင်းကိုမသိဘူး သူ့ Bank account ကိုစစ်ပြီး ကန်ထရိုက်တွေကငွေလွှဲပေးထားတာတွေ့ တယ်…ဘဏ်ခွဲတွေဆောက်တော့ အလုပ်သမားခတွေမကျခင် လုပ်ငန်းမနှောင့်နှေးအောင် သူကဘဏ်ကချေးငွေထုတ်ပြီး ကန်ထရိုက်ကိုစိုက်ထုတ်ပေးလို့ ကန်ထရိုက်ကပြန်ဆပ်တာကို စစ်တဲ့သူကမသိဘူး..လုပ်နည်းလုပ်ဟန်မှန်တာမှားတာထားပါတော့ သူ့ကိုလုံးဝခေါ်မမေးဘူး ဖြေရှင်းခွင့်မပေးဘူး သူ အလုပ်ကြိုးစားလုပ်လို့ရခဲ့တဲ့အဆုတ်ရောဂါကို ခွင့်ရက်ရှည်ယူပြီးကုနေတုံး အလုပ်ကထုတ်လိုက်တယ်..

စစ်မေးဖြေရှင်းခွင့်မပေးဘူးနှစ်ပေါင်းများစွာလုပ်လာတာကိုမငဲ့ဘူးတခြားကုမ္ပဏီတွေကလစာပိုပေးပြီးခေါ်တာတောင်မှ မသွားဘဲ “မိခင်ကုမ္ပဏီ” ဆိုတဲ့သံယောဇဉ်ကြိုးချည်ထားခံရလို့ကုမ္ပဏီကိုမစွန့်ခွါခဲ့တဲ့ “သူ” အကြီးအကျယ်စိတ်ဓါတ်ကျသွားတယ် မကျန်းမာနေတာလည်းပါချင်ပါမှာပေါ့

သူ့ကိုမှီခိုနေတဲ့ ဇနီး သားအကြီး ၇ တန်းကျောင်းသားလေး ၃နှစ်အရွယ်နဲ့ ၈ လအရွယ်ကလေးနှစ်ဦး သူထောက်ပံ့ပေးနေတဲ့ပင်စင်စားမိဘနှစ်ဦး ဒါတွေသူ့ခေါင်းထဲမစဉ်းစားမိတော့ဘူး လူဖြောင့် လူမှန် အကျင့်သိက္ခါကိုတန်ဘိုးထားသူပေကိုး မနေ့ကနေ့လည်မှာ အိမ်ကရေချိုးခန်းမှာသူကြိုးဆွဲချသေသွားတယ် ဒီနေ့တော့ မြောက်ဥက္ကလာဆေးရုံကြီးအအေးခန်းဇရပ်မှာ သူနဲ့သူ့မိဘကိုးကွယ်ရာအတိုင်း သရဏဂုံတင်ပေးတယ်

သူ့ဇနီး(ကရင်-ခရစ်ယာန)်ဆန္ဒအတိုင်းတွံတေးကို ကားနဲ့သယ်သွားပြီ တွံတေးမြို့မှာခရစ်ယာန်ဘာသာအရဝတ်ပြုကိုးကွယ်ပြီး ဂူသွင်းမြှုတ်နှံပါလိမ့်မယ် သူ့အမေနဲ့အဖေကတော့မြှော်ငေးငိုကြွေးနှုတ်ဆက်ရင်းကျန်ရစ်ခဲ့လေရဲ့ အလောင်းတင်ကားက ဝေးသထက် ဝေး..ဝေး..ဝေး..သွား ဇနီး သား သမီး ၃ ယောက်နဲ့ မိဘနှစ်ဦးရဲ့အနာဂတ်က ရေး…တေး…တေး…လား ???

Credit We Love Cele