သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် ကို အမွေပြတ်စွန့်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ဦးဒိန်းဒေါင်

2305

ဒိန်းပိုပိုဒေါင် ကို အမွေပြတ်စွန့်လွှတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး“အရှင်းဆုံးပြောရင် ကျတော့်နာမည်လာထိခိုက်လို့ ကျတော်လည်းစိတ်ဆိုးသွားတာ ပွင့်ပွင့်လင်းလင်းပြောရင် ခုမှုခင်းဂျာနယ်က ကျတော့်ဓာတ်ပုံနဲ့ ကျတော့်သမီးဓာတ်ပုံနဲ့တွဲတင်လိုက်တော့ ကျတော် တရားခံလဲမဟုတ်ဘူး ကျတော်လည်း မသိဘူး ကျတော်ပြောတာက သူတို့လုပ်တဲ့အချိန်မှာ ကျတော့်ကို ဦးဒိန်းဒေါင်ရေ ဦးဒိန်းဒေါင်သမီးလေး မဲလေးအားပေးတယ်နော် တွေ ကျတော့်ကိုတစ်ယောက်မှမပြောဘူး ကျတော်လည်းတစ်ယောက်မှမသိခဲ့ဘူး ကျတော်မြင်လည်းမမြင်ဖူးဘူး သိလည်းမသိခဲ့ဘူး”

“သူတို့လုပ်ထားတဲ့အလုပ်မှာ ကျတော့်ကိုဆွဲမထည့်နဲ့ ဥပမာ မမြတ်နိုးဦး(ခ) မဒိန်းပိုပိုဒေါင် အဖ ဦးတင်ဌေး(ခ) ဦးဒိန်းဒေါင် ကျတော်လက်ခံတယ် ကျတော့်နာမည်ကြီးခေါင်းမှာတင်ပြီးတော့ အဲ့လိုကြီး လုပ်တော့ ကျတော်ချက်ချင်းဖုန်းဆက်တာပဲ နောက်အပတ်ကျ သူတို့ပြန်လုပ်ပေးတယ် ကျတော်ခွင့်မပြုပဲနဲ့ ကျတော့်ဓာတ်ပုံသူတို့သုံးလို့မရဘူး”

“အဲ့ချိန်မှာကျတော့်မှာဒေါသမရှိဘူး ကျတော့်မှာ သောကပဲရှိတယ် သားသမီးစိတ်နဲ့ သူစဖြစ်တဲ့နေ့ကစပြီး ၂ လနီးပါး အဓိဌာန်ပျက်ပြီး အရက်ပြန်သောက်တယ် ခုမှ ၁၅ ရက်လောက်ပဲရှိသေးတယ် ဒီနေ့ဆို (၁၅) ရက်မြောက် ကျတော့်မွေးနေ့ ဒီနေ့မှ ကျတော်နဲ့မဆိုင်တော့ဘူးဆိုပြီး ဒီအရက်ကိုကျတော်လုံးဝမသောက်တော့ဘူး ကျတော်အဓိဌာန်ဝင်ခဲ့တာကြာပီလေ အော် အဓိဌာန်တောင်ပျက်သွားတယ်ဆိုတော့ တခါမှမပျက်ဖူးတဲ့ အဓိဌာန်ပါပျက်သွားတော့ ဘုရားကိုတောင်မှ သစ္စာဆိုထားတာတွေ စည်းပေါက်သွားခဲ့တယ် အဲ့အတွက်လည်းတော်တော်လေးကို ပေးဆပ်လိုက်ရတယ် သောကတွေ ကားတွေတိုက်တယ် အမျိုးမျိုးပေါ့ တော်တော်လေးခံစားလိုက်ရတယ်”

“သူ့ကိစ္စသူရှင်းကျတော့်ကိုပရိသတ်မုန်းသွားအောင် မလုပ်နဲ့ ကျတော်က ပရိသတ်ချစ်အောင် နေချင်တာ နဂိုတည်းကမှ ကိုယ့်ကိုပရိသတ်က မြန်မာနိုင်ငံမှာ ၆၀ လောက်ပဲရှိတာ သူ့အကြိုက် ကိုယ့်အကြိုက်မတူဘူးပေါ့ဗျာ အဲ့အချိန်မှာကျတော်က အဲ့လိုအဖြစ်မခံနိုင်ဘူး ကျတော်ပရိသတ်အတွက် လူဖြစ်လာတယ် သူများပျော်အောင်လုပ်မယ်လို့ ရည်ရွယ်ထားတဲ့သူတစ်ယောက်”

“ပြီးတော့ သူတို့ဖြစ်တာက တစ်လအတွင်းမှဖြစ်တာလေ ကျတော်လှူခဲ့တန်းခဲ့တာတွေက ကြာလှပြီ ဘုရားတည်တာတို့ သိမ်လှူတာတို့ ကြုံတဲ့နေရာဘယ်နေရာရောက်ရောက်အလှူအတန်းလုပ်တာတွေ အဲ့လိုပေါ့ ကျတော်လှူခဲ့တဲ့ဟာတွေနဲ့ လာလာပြီးနွယ်သွားမှာကြောက်တယ် ဟာ ဒီကောင်လှူနိုင်မှာပေါ့ အဲ့လိုပုံစံလာမပြောနဲ့ ပြီးတော့ ဘယ်သူလုပ်တာလဲဆိုတာလဲ အားလုံးသိတယ်လေ တရားခံလဲအားလုံးသိရဲ့သားနဲ့ ကျတော်လည်းအဲ့တရားခံနဲ့တွေ့ချင်နေတာ ရှင်းစရာတွေအများကြီးရှိတယ် တွေ့ရင်တော့ ရှင်းမှာ”

Credit: လပ်ကီးမြန်မာ