လူဆီ ဆိုပြီး သတင်းမှားတစ်ခု နာမည်ကြီးနေလို့…သတင်းမှန်ကို ရှာဖွေ တင်ပြပေးလိုက်ပါသည်

1837

ညောင်တုန်းရေနံမြေ တွင်းအမှတ် သံဂဏန်း ၂ တွင်းမှ ရေနံလေဆီခိုးယူသူများ ဖမ်းဆီးရမိဧရာဝတီတိုင်​း​ဒေသကြီး ၊ မအူပင်​ခရိုင်​ ၊ ​ညောင်​တုန်းမြို့နယ်​၌ ဇွန်လ ၃၀ ရက်နေ့ ည(၈)နာရီခွဲ အချိန်တွင်​ ညောင်တုန်းမြို့နယ် (အမှတ် ၂ ) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင်​့ ကိုသက်ပိုင်စိုးတို့၏ ရေနံထွက်ပ စ္စည်းများ ခိုးယူသယ်ဆောင်နေကြောင်း သတင်းပေးချက်အရ ညောင်တုန်းမြို့နယ် ၊ ချောင်းကြီးနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် နေထက်အောင် ခေါင်း ဆောင်တဲ့အဖွဲ့ဟာ ရန်ကုန်-ပုသိမ်ကားလမ်း ၊ ကျုံတမာကျေးရွာအုပ်စု ၊ ဖောင်ရိုးချောင်းကျေးရွာနားမှာ 6J/3272 TOYOTA အဖြူရောင်ကုန်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှာ ခိုးယူသယ်ဆောင်လာသော လေဆီပေပါ (၈)လုံးကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။

” ရေနံမြေကဆီတွေ ခိုးထုတ်နေတယ်လို့ သတင်းရတာ ကြာပြီဖြစ်ပေမယ့် ယခုတစ်ကြိမ်မှ သေချာတဲ့ သတင်းရလို့ ခုလို သက်ဆိုင်ရာကို အကြောင်းကြားရတာ ဖြစ်တယ် ” လို့ သတင်းပေးတိုင်ကြားသူ ကိုသက်ပိုင်စိုးက ပြောကြားသည်။

တရားမဝင် ခိုးယူသယ်ဆောင်မှုနဲ့ပက်သက်​လို့ ယာဉ် မောင်းနေလင်းကျော်စိုး(ခ)နေလင်းအောင် (၃၄)နှစ် (ဘ)ဦးသောင်း ညောင်တုန်းမြို့နေသူ၊ ကြည်လင်း(ခ) အီးတီ (၃၂) နှစ် (ဘ) ဦးလှညွန့်ညောင်တုန်းမြို့နေသူ (၂)ဦးနှင်​့ မင်းဇော်ဦး(ထွက်ပြေးတိမ်းရှောင်)သူတို့အား ခေတ္တစခန်းမှူးဒုရဲအုပ် နေထက်အောင်မှ ချောင်းကြီးနယ် မြေရဲစခန်း (ပ)၆၆/၂၀၁၈ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ အရ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

(Really Times)

သတင်​း . ဓာတ်​ပုံ ; Really Times
Credit: PoPin