“ပုဆိုးဝတ်​ပါလား”လို့ဆိုသူကို ပညာသားပါပါ တုံ့ပြန်​ခဲ့တဲ့ ညီညီ​မောင်​(စမ်း​ချောင်း)

1255

နိုင်​ငံ​ကျော်​ မိတ်​ကပ်​ပညာရှင်​ ညီညီ​မောင်​(စမ်း​ချောင်း)ဟာ မြန်​မာနိုင်​ငံရဲ့ ထိပ်​နန်း မိတ်​ကပ်​ပညာရှင်​​တွေထဲကမှ တစ်​ဦးအပါအဝင်​ပါ။ သတို့သမီး​လေး​တွေ၊ မင်းသမီး​တွေနဲ့ဘွဲ့ယူသူ​တွေက​တော့ ညီညီ​မောင်​(စမ်း​ချောင်း)ရဲ့ လက်​ရာကိုမကြုံဖူးတဲ့သူရှိမယ်​မထင်​ပါဘူး။

စေတနာအပြည့်​နဲ့ အ​ကောင်းဆုံး ပြင်​ဆင်​​ပေးတာ ​ကြောင့်​ သူမရဲ့မိတ်​ကပ်​လိမ်းခြယ်​မှုအစွမ်းကို မကြိုက်​တဲ့သူမရှိသ​လောက်​ပါပဲ။

အမြဲလိုလို ပရိသတ်​​တွေကို ​ပျော်​​အောင်​လုပ်​​ပေးတဲ့ ညီညီ​မောင်​(စမ်း​ချောင်း)ဟာ ဒီတစ်​ခါမှာလဲ သူ့ကို “ပုဆိုးဝတ်​ရင်​ပိုကြည့်​​ကောင်းမှာ”လို့ဆိုတဲ့ ပရိသတ်​တစ်​ဦးကို ချစ်​စဖွယ်​​ပြောပြီး​ပြန်​လည်​တုံ့ပြန်​ခဲ့ပါတယ်​။

သုသုရဲ့မြန်​မာဝတ်​စုံ​လေးနဲ့​အောက်​မှာ ​”ဦးညီညီမောင်က ပုဆိုးနဲ့ ဆိုအရမ်းခန်ပြီး သန့်နေမှာဗျာ…..ဗလကြီးတေနဲ့ဆိုတော့…😙”ဆိုပြီး ​ကောမန့်​​ပေးထားသူကို အခုလိုတုံ့ပြန်​ခဲ့ပါတယ်​။

“အခြောက်လေ ဟယ် နင်ဆိုသည်မှာလည်း ယောကျာ်းပြန်လုပ်ရင် နင်ညီမနဲ့ပေးစားမှာလား” ဆိုပြီး​ပြန်​လည်​စ​နောက်​ထားပါတယ်​။ ကဲ…​ပြောတဲ့သူလဲ မှတ်​က​ရောပဲ 😜

ပရိသတ်​​တွေလဲ သုသုရဲ့ ​ပြောပုံဆိုပုံ​လေး​တွေကို သ​ဘောကျ​နေကြပြီမလား။ ပရိသတ်​​တွေကို အမြဲ​ပျော်​​အောင်​လုပ်​​ပေးတဲ့ သုသုတစ်​​ယောက်​ အမြဲ​ပျော်​ရွှင်​ရပြီး ချစ်​တဲ့သူနဲ့​ပေါင်းဖက်​နိုင်​ပါ​စေ​နော်​။

credit – မိုမိုလေး