နီလန်း အတွက် ပရိသတ်ကြီးကို တောင်းဆိုလိုက်တဲ့ နီလန်းအကိုဖြစ်သူ အိပ်မက်ဆုံရာက နီကိုးလပ်စ်

947

ကျန်ခဲ့တဲ့ တစ်ပတ် Myanmar Idol Rock Week မှာ ထွက်ခွာသွားခဲ့ရသူ နှစ်ယောက်ကတော့ ဇော်ကြီးနဲ့ နီလန်းပဲဖြစ်ပါတယ်။ နီလန်းဟာ မကြာသေးခင်ကမှ သူမချစ်သူဖြစ်တဲ့ ကောင်လေးရဲ့ ဆုံးပါးသွားမှုကြောင့် ဖြည်ဆည်မရနိုင်တဲ့ ဝမ်းနည်းမှုတွေနဲ့အတူ ရှင်သန်ခဲ့ရပါတယ်။

ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းများကြောင့် Camp အတွင်းမှာပဲ နေနေရတဲ့ နီလန်းအတွက်တော့ ဒီခက်ခဲမှုတွေက သူမအတွက် ပိုပြီးဝမ်းနည်းစေခဲ့ပါတယ်။

ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တတ်တဲ့ နီလန်းဟာ နောက်အပတ်တွေမှာတော့ ပုံမှန်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ Rock Week မှာတော့ သူမဟာ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။

ဒီထွက်ခွာသွားမှုမှာ နီလန်းဟာ စိတ်ဓာတ်မကျပဲ ပြုံးပျော်စွာ ပရိသတ်ကို နှုတ်ဆက်စကားဆိုနိုင်ခဲ့တဲ့အပြင် သူမချစ်သူရှိတဲ့ အုတ်ဂူလေးဆီကို သွားချင်တယ်လို့လည်း ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

ဒါ့အပြင် နီလန်းရဲ့ အကိုဖြစ်သူဟာလည်း ပရိသတ်တွေနဲ့ မစိမ်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အိပ်မက်ဆုံရာ Season-9 က နီကိုးလပ်စ်ပဲဖြစ်ပါတယ်။ နီကိုးလပ်စ် က ညီမဖြစ်သူနီလန်းအတွက် ယခုလိုပဲ ပြောလာတာဖြစ်ပါတယ်။

” Nilen ကပြိုင်ပွဲအခြေအနေကြောင့် ထွက်လို့မရတဲ့ အချိန် သူ့ရဲ့ကောင်လေး ရဲ့ ဖြစ်စဉ်မှာအမြဲရှိနေသူက ကျွန်တော်ပါ ။ အဲဒီ ကလေးလေးက ညီအစ်ကို လိုနေခဲ့သူမို့ အရမ်းဝမ်းနည်းမိတယ်။

သူ့ရဲ့မိခင်ဆို ပြောမပြနိုင်အောင် ခံစားရမှာပါ။ ညီမလေးကတော့ သူခံစားရတာနဲ့ စာရင် အဆပေါင်း များစွာ စိတ်ဓါတ်ကြံံ့ခိုင်တဲ့ မိန်းကလေးပါ”

အကိုဖြစ်သူ နီကိုးလပ်စ်ကတော့ လောဘကြီးတယ်ပဲဆိုဆို Myanmar Idol ရဲ့ Pantene Wild Card နဲ့ ညီမလေးကို ပြန်ခေါ်ချင်တယ်လို့လည်း ဆိုလာပါတယ်။ဒါကတော့ တစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်ပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ နီလန်းကိုအားပေးကြတဲ့ ပရိသတ်တွေအားလုံးက နီလန်းကို Vote မှသာလျှင် Myanmar Idol ကိုပြန်လာခွင့်ရမှာပဲဖြစ်ပါတယ်။

” လောဘကြီးတယ်ပဲ ဆိုဆို ပြိုင်ပွဲမှာ ထွက်ခွာခဲ့ရတဲ့ ညီမလေး နီလန်း ကို Pantene Wild Card နဲ့ ပြန်ခေါ်စေချင်ပါတယ်”

ပရိသတ်ကြီးကရော နီလန်းကို Pantene Wild Card နဲ့ ပြန်ခေါ်ကြမလားဆိုတာကတော့ ရင်ခုန်စွာ စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။
Ref;Sunday Journal & We Love Cele
Credit: Cele Channel