တံထွေးထွေးလိုက်တဲ့ ကိစ္စကို ပြန်ဖြေရှင်းလိုက်တဲ့ မင်းထက်

2012

သရုပ်ဆောင် မင်းထက်ကတော့ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရပြီး ပထမဆုံး ရုံးချိန်းတက်တဲ့နေ့မှာပဲ တစ်ခါက ပတ်သက်ခဲ့ဖူးသူနဲ့ ကလေးရှေ့မှာ ထွီခနဲအမူအရာကို လုပ်ခဲ့မိလို့ ပရိသတ်တွေ ဝိုင်းပြီး ရှုတ်ချတာ ခံနေရပါတယ်။

ဒီလိုမျိုး တရားရုံးမှာ လုပ်ခဲ့တဲ့ အမူအရာတွေနဲ့ပတ်သက်ပြီး မင်းထက်နဲ့ စိုးနန္ဒာကျော်က အင်တာဗျူးမှာ ခုလိုဖြေကြားထားပါတယ်။ ရုံးပြင်ထွက်လာချိန် ထွီခနဲ တံထွေးလှည့်ထွေးသွားခဲ့တဲ့လုပ်ရပ်ကို မင်းထက်က ခုလိုဖြေရှင်းလာပါတယ်။

“ကျွန်တော်ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်း ၁၀ နှစ်မှာ ပရိသတ်တွေကို မလေးမစား မလုပ်ခဲ့မိဘူး။ မနေ့က လုပ်ခဲ့တာက ပရိသတ်တွေကို မထီမဲ့မြင်လုပ်ခဲ့တာ လုံးဝမဟုတ်ပါဘူး။

ကျွန်တော်တစ်ခုပဲ ပြောချင်ပါတယ်။ လူတစ်ယောက် အရမ်းနာကြည်းတယ်ဆိုတာ နောက်ကွယ်မှာ အကြောင်းတစ်ခု ရှိခဲ့မယ်လို့ စဉ်းစားစေချင်ပါတယ်။” ဆိုပြီး ဖြေကြားသွားပါတယ်။

ရုံးချိန်းလာရောက်ချိန်မှာ နှစ်ဦးသား လက်ချင်းချိတ်ပြီး လာခဲ့တဲ့ အကြောင်းကို စိုးနန္ဒာကျော်က ခုလိုပြောပြထားပါတယ်။“နန္ဒာသည် သူ့လက်ကိုတွဲခဲ့တာ သူ့ဆီက ဘာမှရယူလိုမှု မရှိဘူး။

ဖြစ်သမျှ အရာအားလုံးကို အကောင်းလို့ပဲသတ်မှတ်ပြီး တွဲခဲ့တာ။ အဲ့အတွက် သူအခု တရားရုံးသွားတာ တစ်ချို့က ပြောကြတယ်။ ဘာလို့လိုက်သွားလဲဆိုတော့ ခုချိန်မှာ နန္ဒာသည် သူ့ရဲ့ ဇနီးမယားဖြစ်တဲ့အတွက် သူတစ်ယောက်တည်းသွားလို့ ဘယ်လိုမှမသင့်တော်ဘူး။” လို့ ဆိုပါတယ်

ကလေးအဖေအမည်ခံစေချင်ရုံသက်သက်နဲ့ တရားစွဲတာသည် အကွက်ဆင်နေတာဖြစ်ပါတယ်ဆိုပြီးတော့ မင်းထက်က ခုလိုပြောလာပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ စကားလုံးအားလုံးကို ဆိုခဲစေ မြဲစေထားပါတယ်။ ကျွန်တော်သူ့ကို ယူပါမယ်ဆိုတဲ့ စကားကိုဘယ်တုန်းကမှ ပြောခဲ့ခြင်း မရှိပါဘူး။ သူဆွဲခဲ့တဲ့ ပုဒ်မ ၄၁၇ နဲ့ ကာမလိမ်လည် ရယူခဲ့တယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။

ကျွန်တော်သည် သူ့ကာမကို ဘယ်တုန်းကမှ လိမ်လည်ရယူခဲ့တာ မရှိပါဘူး။ သူ့အင်တာဗျူးမှာ ကလေးအဖေ အမည်ခံစေချင်ရုံသက်သက်ပါလို့ ကလေးကို ကျွန်တော်က ငြင်းဆန်နေပါတယ် ဆိုပြီး

ကလေးကိုဗန်းပြ လုပ်တာတွေ့ရတယ်။ ကျွန်တော့်ကို အကွက်ဆင်ခဲ့တယ်လို့ ယူဆထားတယ်။ ဘယ်တုန်းကမှ လည်း ယူမယ်လို့ မပြောခဲ့တဲ့ အဲ့ဒီမိန်းမကို ကျွန်တော်မယူနိုင်ဘူး။

လက်မတွဲနိုင်တာကလွဲလို့ အဲ့ဒီကလေးနဲ့ပတ်သက်လို့ ကျွန်တော့်ကလေးစစ်မှန်တယ်ဆိုရင် ဥပဒေနဲ့အညီ ကလေးစရိတ် ပေးပါမယ်လို့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးသားပါ။

ညှိကြရအောင်ဆိုပြီး သူကပဲစခေါ်ခဲ့သလို ကျွန်တော့်ဆီက သိန်း ၅၀၀ တောင်းခဲ့တာပါ။ ကျွန်တော်သိန်း ၃၀၀ ပေးပါ့မယ်လို့ ပြောတာကို သူ့ဘက်က မကျေနပ်လို့ ဒီလိုတွေလုပ်ခဲ့တာပါ။” လို့ ဆိုပါတယ်

“နန္ဒာကိုအွန်လိုင်းကနေ မယားငယ်မပါ လင်ငယ်နေပါတယ် စနှိုက်ကြော်မပါဆိုပြီး တိုက်ခိုက်ခဲ့သူတွေကို ပြောချင်ပါတယ်။ သူ့မှာ မိန်းမလည်း မရှိခဲ့သလို ရည်းစားလည်းဟုတ်တဲ့အချိန်မှာ ဖြတ်လုခဲ့တာမဟုတ်ပါဘူး။

သူတို့နှစ်ယောက်တွဲပြီး ပြတ်ပြီးမှ ကိုးလကျော်တစ်နှစ်အတွင်းမှာ သူ နန္ဒာ့ကို PROPOSE လုပ်ခဲ့လို့ နန္ဒာသူ့ကို အဖြေပေးခဲ့တာ။ သူတို့နှစ်ယောက် သမီးရည်းစားလို ပတ်သက်မှု မရှိတော့တဲ့အချိန်မျိုးမှ နန္ဒာသူ့ကိုလက်ခံခဲ့တာ။

တရားဝင်ဇနီးမယား မရှိပါဘဲနဲ့လက်ထပ်ထားတဲ့ နန္ဒာ့ကို စနှိုက်ကြော်ပါတယ်လို့ပြောနေသူတွေကို ရပ်တန်းက ရပ်စေချင်ပါတယ်။” ဆိုပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။

Credit: Hlataw