(၄) တန်းကျောင်းသားက မျက်နှာကိုခြေထောက်နဲ့ ၄ချက် စောင့်ကန် လိုက်သောအခါ

1183

အသိအမရဲ့ သားလေးပါ ကိုယ်တောင်ဘေးနားကနေ အရမ်းမခံမရပ်နိုင် ဖြစ်တယ် ကလေးကိုလည်းအရမ်းသနားတယ် ခုက ပထမအကြိမ်လည်းမဟုတ်ဘူး အဲဒီအမကတော့ ကျောင်းကားရော ဟိုဘက်ကလေးကိုရော ဘာမှပြသနာ မလုပ်ဘဲ နာမည်တောင် မပြောခဲ့ဘူး သူများစီးပွားရေးရော ကလေးတက်လမ်းရာ မပိတ်ပင်ချင်လို့တဲ့ သူ့သားလေးကိုပဲကြည့်ပြီး ငိုနေရှာတယ်

ဖေဖေ မေမေ တို့ရေ
မင်္ဂလာပါ
ကျွန်မ ××××မေမေ ပါ

ဒီထဲမှာ ဒီလိုရေးလို့ ရမရ မသိတဲ့ အတွက်
Admin အမ ခွင့်ပြုပေးပါနော်

သောကြာနေ့ည ၄နာရီလောက် မှာ ကျွန်မဆီ သားကို စာသင်ပေးတဲ့ ဂိုက်ဆရာမက ဖုန်းဆက်လာပါတယ်..သား တကိုယ်လုံး သွေးတွေရွှဲ နှစ်နေလို့ အခုလာခေါ်ပေးပါတဲ့ (သားကကျူရှင်ကိုတန်းသွားရတာပါ) ကျွန်မကျောင်းကားကိုဖုန်းဆက်တော့ နှာခေါင်းသွေးလျှံတာပါတဲ့..သားက ရံဖန်ရံခါလည်း နှာခေါင်းသွေးလျှံတတ်တော့ ကျွန်မလည်းယုံလိုက်ပါတယ်.. သား တီချယ် အိမ်လည်းလိုက်သွားရော သားက သွေးတွေရွှဲနစ်ပြီး မြင်မကောင်းပါဘူး

ကျွန်မတို့ကို
တကားထဲစီးလာတဲ့ သား သူငယ်ချင်းတွေရော တီချယ်တို့မိသားစုရော..ပတ်ဝန်းကျင်ဆိုင်ခန်းက လူတွေပါ ကျွန်မတို့ကိုဝိုင်းပြောကြပါတယ်… တကားထဲစီးတဲ့ သူငယ်ချင်းတွေပြောပုံအရ

(၄)တန်းကျောင်းသားက မျက်နှာကိုခြေထောက်နဲ့
၄ချက်တောင် စောင့်ကန် လိုက်တာပါတဲ့
သားရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲက သွေးတွေ ဒလဟော ကျလာတာပါတဲ့
အာ့ကလေးက သားကို ခဏခဏ အနိုင်ကျင့်လေ့ရှိပါတယ်တဲ့

သူငယ်ချင်းတွေပြောပြမှကျွန်မသိရတာပါ
သားက မေးလို့မရဘဲ ရှိုက်ကြီးတငယ် ပဲ ငိုနေတာ

ကျွန်မကိုပြောတော့ကျောင်းကားက နှာခေါင်းသွေးလျှံတာပါတဲ့ ကားပေါ်က သားသူငယ်ချင်းတချို့ကပြောမှ အဖြစ်မှန်သိရတာပါ
သားကိုချော့မေးကြည့်တော့ ကျောင်းကားက ယဉ်နောက်လိုက်က *သွးတွေပေနေတဲ့ အကျႌချွတ်သွား *ရန်ဖြစ်လို့ အကန်ခံရတယ် ဆိုတာကိုမပြောနဲ့ *ကိုယ့်ဘာသာနှာခေါင်းသွေးလျှံတယ်လို့ပြော ဆိုပြီး သွေးတွေ ဗလပွနဲ့ကလေးကို အကြင်နာတရားမရှိ
ဖေးဖေးမမ မရှိ ရက်ရက် စက်စက် ပြည်လမ်းပေါ်မှာ ချထားခဲ့ပါတယ်

ကျွန်မရင်တွေနာလိုက်တာ ဖေဖေ မေမေ တို့ရယ်…

တကယ်ဆို ဖေးဖေး မမ နဲ့ တီချယ့်ဆီလိုက်ပို့သေချာအပ်ခဲ့ ရမှာပါ.. သားကို ပြည်လမ်းပေါ်မှာမချခဲ့ဘဲ ဂိုက်တီချယ့်အိမ်ထိ လိုက်ပို့ဖို့ကို ကျွန်မ အကြီမ်ကြိမ် မှာထားပေမဲ့လည်း ပြောတုန်းခဏသာပို့ပြီး နောက်ရက်တွေ ပြည်လမ်းမှာပဲဆင်းခိုင်းတာပါတဲ့ (၁)လလောက် ရှိပါပြီ
သားက ပြန်မပြောလို့ ကျွန်မ မသိပါဘူး မနေ့ကမှ အာ့ဒါတွေ အကုန်သိ ခဲ့ရတာပါ

ကားတိုက်မခံရတာ ကလေးသူခိုး အခိုးမခံရတာ တော်သေးတာပါ (၃)တန်းပဲ ရှိတဲ့ ကလေးကို …

ကျွန်မတို့က လုံးဝ လိုက်မပို့နိုင်တဲ့အတွက် ကိုယ့်သားသမီးကို ယုံကြည်မှုအပြည့်နဲ့ အပ်ပြီးထည့်ပေးလိုက်ရတာပါ.. ကားတိုက်မိရင် ကလေးသူခိုးခိုးရင် ..တွေးကြည့်ယုံနဲ့ ရင်တွေပူလွန်းလို့ ညဘက်တွေတောင် အိပ်မရပါဘူး

လုပ်ရက်လိုက်တာရှင်

ရင်ဖွင့်တာပါ..

ပြီးတော့ ကျွန်မတို့ခေတ်တုန်းကလိုမဟုတ်ဘဲ ကိုရီးယား ကားတွေထဲကလို ကလေးချင်းအနိုင်ကျင့်တာတွေ ရှိနေပြီ ဆိုတာလည်း ပြောပြချင်လို့ပါ..

တချို့ကျောင်းကားတွေ ကလေးတွေကိုရင်ဝယ်သားကဲ့သို့ ဂရုတစိုက် ရှိပေမယ့်
ခုလို စီးပွားရေးတခုလို လုပ်နေတဲ့ ကားတွေရှိနေတယ်ဆိုတာလဲ သိရအောင်ပါရှင်

သားများတခုခု ဖြစ်သွားရင်…ကျွန်မတွေးတောင်မတွေးရဲ ပါဘူး…ခုတော့ သားကို ဆေးရုံမှာ medical check up လုပ်ထားပါတယ်…Monday မှ အဖြေသိရမှာပါ

Credit: MP