Miss မော်ဒယ်တစ်ဦး ယောက်ျား(၃)ယောက်ရဲ့ ကိုယ်ထိလက်ရောက် စော်ကားခြင်းခံလိုက်ရတဲ့ ဖြစ်ရပ်

6979

ဒီနေ့နေလည် နှစ်နာရီလောက်ဆေးခန်းသွားပြဖြစ်တယ် ..အဝတ်အစားလဲမလှော်လီမိပါဘူး

ကားသမားကနေမကောင်းသေး အဖေလဲမအားတော့ ကိုယ်တိုင်လဲဘယ်လောက်ကြာမယ်မှန်းမသိတော့ တစ်ယောက်တည်း taxi နဲ့သွားလိုက်တယ်

ပြန်ထွက်လာတော့ သုံးနာရီဆယ်ငါးလောက် လမ်းလျှောက်ပြီးပြန်ထွက်လာတယ်ကားထွက်ငှားဖို့ အနောက်ကကောင်သုံးကောင်လိုက်လာတော့တာပဲ အင်္ကျီချွတ်တွေနဲ့ အစကတော့ မကြောက်မိဘူး

သူတို့ခြေလှမ်းကတဖြေးဖြေးပြေးလိုက်လာမှ ဟာဘာလဲဟဆိုပြီး ပြေးမှန်းမသိအောင်သွက်သွက်လျှောက်လာတယ်..ရုပ်ကိုတော့အတက်နိုင်ဆုံးမကြောက်အောင် ရုပ်မပျက်အောင်ထိန်းထားတယ်

ဘယ်သွားမလို့လဲညီမလေး ဘယ်သွားမလို့လဲ ကျွန်တော်တို့လိုက်ပို့ပေးမယ် ဘယ်သွားမှာလဲဘယ်လဲ မေးနေတယ် ဟေ့ ဘာညာ ဆိုပြေးလိုက်လာတာ ဖြစ်သင့်လား မင်းမဲ့စရိုက်တွေ..မထီမဲ့မြင် လုပ်ချင်တာလုပ်မယ် မိန်းကလေးဆိုတော့ ငါတို့ကိုဆိုကြောက်မှာပဲ

ပါးစပ်နဲ့အရသာယူရ ယူရ အသားလေးပဲထိရထိရ အိတ်ဆွဲပြေးရင်ရောတစ်မျိုး လူကလဲသုံးယောက်အဲ့ကွေ့နားမှာလဲ တစ်ခြားဘယ်သူ့မှမရှိ အငွေ့ပြန်ပြီးတောင်ပျောက်သွားစေချင်တယ်

စကားတွေတအားပြောပြီးအနားကိုအတင်းလိုက်ကပ်နေတာ ကိုယ်ကပြန်လဲမအော်ရဲ ကယ်တင်သူ taxi 🚕 တစ်စီးမောင်းလာတယ်

သူကအားတဲ့ပုံမပေါ်ဘူး လက်ကာပြတယ် ဦးသမီးလိုက်ချင်တယ် ဆိုပြီးမျက်နှာနဲ့အရိပ်အကဲပြလိုက်တယ် မျက်နှာလဲတအားပျက်နေတော့ သူနားလည်သွားတယ်

သူသဘောပေါက်သွားတယ်ထင်တယ် တက်တက်ဆိုပြီး အတင်းပြေးတက်တော့ ကားတခါးနားကိုအတင်းလာပြီး ပါးကိုအတင်းလိုက်ကိုင်သွားသေးတယ်
မြန်မာကားထဲကလူဆိုးအကွက်တွေပါပဲ

ကားပေါ်ရောက်မှမျက်ရည်ပေါက်ပေါက်ကျတယ် ရွံလဲရွံပြန်လဲမအော်ရဲ မရိုင်းရဲ လက်နက်တွေဘာတွေ ခါးကြားထိုးထားမှာလဲ ဆိုးကိုယ့်အသားထိမှာလဲဆိုး ဒေါသတွေထွက် အော်ငိုမိတော့တာပါပဲ

ကားသမားဦးလေးသာမလာခဲ့ရင်မတွေးဝံ့စရာပဲ

မိန်းမတစ်ယောက်အနေနဲ့နေရတာ လုံခြုံမှုရှိနေစေချင်တယ် Stop sexual harassment ကာယိနြေ္ဒ နှောင်ယှက်မှုတွေ မင်းမဲ့စရိုက်တွေ လူကြီးလူကောင်မဆန်မှုတွေ လူသားမဆန်မှု တွေကတယ်ရပ်တံ့စေချင်တယ် 😭

From Khin Injinn Kyaw Facebook