ကျောင်းမှာ သမီးနဲ့ရန်ဖြစ်တဲ့ ၁၀နှစ်သား အတန်းဖော်ကို ဖခင်က မသေမချင်း ဓါးနဲ့ထိုးသတ်

2131

သားသမီးကိုထိရင် ဓားကြည့်ဆိုတဲ့ မိဘတွေ သတိထားစေနိုင်ဖို့ပါ..။

အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက သမီးဖြစ်သူကို နာကျင်အောင် လုပ်လိုက်တဲ့ ကျောင်းက အတန်းဖော် ၁၀ နှစ်သား ကလေးငယ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက တရုပ်နိုင်ငံ ကျန်ဂျန်းမြို့က မူလတန်းကျောင်း တစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ သမီးရဲ့ မျက်လုံးကို နာကျင်အောင် လုပ်ခဲ့တဲ့ အတန်းဖော် ကလေးကို စာသင်ကျောင်းမှာ သွားပြန်ရှာပြီး မသေမချင်း ဓါးနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေမှာ ဖော်ပြချက်အရ ကလေးနှစ်ဦး အတန်းထဲမှာ ရန်ဖြစ်ခဲ့ပြီးနောက် ကောင်မလေးရဲ့ မျက်လုံး ထိခိုက်နာကျင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မိဘအချင်းချင်းတွေ့ဆုံညှိနှိုင်းပြီး ကောင်လေးက ကောင်မလေးကို လူပုံအလယ်မှာ ပြန်တောင်းပန်ဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ပြန်ရောက်တဲ့အခါ သမီးဖြစ်သူရဲ့ နာကျင်မှုကို မခံစားနိုင်တဲ့အဆုံး ဖခင်က သစ်သီးလှီးဓါးကိုယူကာ ကျောင်းသို့ ပြန်သွားပြီး ကလေးကို မသေမချင်း ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ သန့်စင်ခန်းထဲမှာ သွေးအလိမ်းလိမ်း မသေမရှင်ဖြစ်နေတဲ့ ကလေးရဲ့ခန္ဓာကိုယ်ပေါ်မှာ ဓားထိုးဒဏ်ရာများ၊ လည်ပင်းမှာ ပြတ်ရှဒဏ်ရာများကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ရဲတွေရောက်ရှိချိန်မှာ တရားခံက ထွက်မပြေးပဲ မသေမရှင်ဖြစ်နေတဲ့ ကလေးရဲ့ ဘေးမှာထိုင်ပြီး အေးအေးလူလူ ထိုင်ကြည့်ရင်း ဆေးလိပ်သောက်နေတာကို တွေ့ခဲ့ရပါတယ်။ ကလေးကို ဆေးရုံအမြန်တင်ပို့ခဲ့ပေမယ့် ၃ နာရီခန့်အကြာမှာ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ပါတယ်။

ရဲများရဲ့ ပြောဆိုချက်အရ သမီးဖြစ်သူရဲ့ မျက်လုံးက ဒဏ်ရာဟာ အသေးအဖွဲမျှသာဖြစ်ပြီး ကလေးတစ်ယောက်ကို ဓားနဲ့ရက်ရက်စက်စက်သတ်ဖြတ် လက်စားချေရလောက်သည့်အကြောင်း မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့သားအမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရန် လိုလားနေပြီး ကလေးတစ်ယောက်ကို ဓားနဲ့ထိုးသတ်ရလောက်အောင် လောကကြီးပျက်ယွင်းနေပြီလားလို့ နာကျည်းကြေကွဲစွာ မေးခွန်းထုတ်လိုက်ပါတယ်။

Credit:Popolay