သရုပ်ဆောင် မင်းသွေး၏ နာရေးနှင့် ပတ်သက်ပြီး မေတ္တာရပ်ခံခြင်း

3634

မေတ္တာရပ်ခံခြင်း

ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော သရုပ်ဆောင်၊ တေးသံရှင် မင်းသွေး၏ နာရေးသို့ ကြွရောက် အားပေးနှစ်သိမ့်သတင်းမေးလိုကြသော စာနယ်ဇင်းနှင့် ရုပ်သံ မီဒီယာ မိတ်ဆွေများအနေဖြင့်နေအိမ်သို့လာရောက်သောအခါတွင် မိမိနှင့်သက်ဆိုင်သော အဖွဲ့အစည်းကတ်ပြား၊ (သို့မဟုတ်)

မီဒီယာအမည်ပါသော လည်ဆွဲများဖြင့် ကြွရောက်ပေးကြပါရန် နှင့် မိသားစုဝင်များအား ရုပ်သံရိုက်ကူးခြင်းများ၊ အင်တာဗျူးမေးမြန်းခြင်းများသည်းခံပေးကြပါရန်

(ကာယကံရှင်မိသားစု၏ ခွင့်ပြုချက်အရ) ကျန်ရစ်သူမိသားစုကိုယ်စား လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

အဆိုတော်၊ သရုပ်ဆောင် မင်းသွေး ဟာ အောက်တိုဘာ ၃ရက်နေ့ ညမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါနေ့ ညပိုင်းမှာပဲ ဟာ သူဟာ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ရင်း အမောဖောက်သွားပြီး ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုမှာ အရေးပေါ်တက်ရောက်ကုသခဲ့ပေမဲ့ အသက်မမီတော့ကြောင်းလည်း နီးစပ်သူတွေက Sunday ကိုပြောကြားခဲ့ပါတယ်။

တကယ့်ကို တုန်လှုပ်စရာသတင်းကြောင့် အနုပညာလောကသားတွေ နဲ့အတူ ပရိသတ်ကြီးအားလုံးလည်း ၀မ်းနည်းနေကြပါတယ်။ သူပါဝင်ထားတဲ့ “သတ်ကွင်း “နဲ့ “မုန်းစွဲ “ဇာတ်ကားကြီးတွေဟာလည်း မကြာခင်ရုံတင်ပြသတော့မှာပါ။

အနုပညာ ငွေကြယ်ပွင့်တစ်ပွင့် ကြွေလွင့်ရပြန်ပါပြီ။ R I P ပါ Brother 😭😭😭 ။ အနုပညာအလုပ်တွေ အရှိန်နဲ့ လုပ်နေစဉ် အရွယ်ငယ်ငယ်မှာ ဘ၀တစ်ပါးသို့ ပြောင်းရွေ့သွားတဲ့ “မင်းသွေး” အတွက် နှမြောလွန်း စွာနဲ့ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါကြောင်း 😢😢😢