သရုပ်ဆောင် မင်းသွေးရဲ့ မသေဆုံးခင် တစ်ရက်အလိုက ဝမ်းနည်းစရာ ဗီဒီယိုဖိုင်လေး

44274

သရုပ်ဆောင် မင်းသွေးရဲ့ မသေဆုံးခင် တစ်ရက်အလိုက ဝမ်းနည်းစရာ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားမှာ ပြန့်နှံ့နေပါတယ်။ ဒီဗီဒီယို ဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလဲ အတော် စိတ်မကောင်းဖြစ်လို့ နေကြပါတယ်။ (အောက်ဆုံးမှာ ရုပ်သံတွဲတင်ပေးထားပါတယ်)

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားပြီ

သတင်းများအရ အောက်တိုဘာလ ၃ရက်နေ့ ည၁၁နာရီ ဝန်းကျင်တွင် ဆုံးပါးသွားကြောင်းသိရှိခဲ့ရပါတယ်။ ဘောလုံးကန်ရင်း အမောဖောက်ကာ ရုတ်တရက် နှလုံးခုန်ရပ်သွားပြီး ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။

သရုပ်ဆောင်နေတိုး၏ညီအရင်းဖြစ်ပြီး အချိန်မတိုင်မီ အကြွေစောခဲ့ရတဲ့ အနုပညာကြယ်ပွင့်ဖြစ်တဲ့ အဆိုတော်နှင့် သရုပ်ဆောင်မင်းသွေး ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး များစွာ စိတ်မကောင်း ဝမ်းနည်းမိရပါတယ်။

မင်းသွေး ရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းသွေး ကောင်းရာသုဂတိလားပါစေ။

R.I.P. Actor Min Thway

သရုပ်ဆောင် မင်းသွေးဟာ ပရိသတ်လက်ခံအားပေးပြီးသား အနုပညာရှင် မင်းသား ချောလေးတစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ပရိသတ်အချစ်တော် အကယ်ဒမီ နေတိုးရဲ့ ညီအ ရင်းဖြစ်ပြီး အစ်ကို့ခြေရာကို နင်းနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် လည်းဖြစ် ပါတယ် ။

အနုပညာလောကမှာလည်း အခြားနာမည်ကြီးမင်းသားတွေနဲ့အတူ ရင်ဘောင်တန်းနိုင်တဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး ။

သူပါဝင် ရိုက် ကူးထားတဲ့ ” သတ်ကွင်း ” ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီး ကိုလည်း ရုံတင်နိုင်အောင် ကြိုးပမ်း နေတာဖြစ်ပါတယ် ။

မင်းသွေးပါဝင်သရုပ်ဆောင်ခဲ့တဲ့ သတ်ကွင်း ရုပ်ရှင်ကားကြီး

မနေ့ည အစောပိုင်းမှာတော့ သရုပ်ဆောင် မင်းသွေးတစ်ယောက် သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ခဏအကြာမှာတော့ အနုပညာရှင်တွေရဲ့ ဝမ်းနည်းစရာ စတေးတပ်တွေ တက်လာခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေးရဲ့ မသေဆုံးခင် တစ်ရက်အလိုက ဝမ်းနည်းစရာ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

အင်​တာဗျူးတဲ့သူက တစ်​ရက်​ပဲအသက်​ရှင်​ရ​တော့မယ်​ဆိုရင်​ ဘာလုပ်​​မလဲ​မေး​တော့ ဖြစ်​သလိုပဲ​နေမယ်​တဲ့..
Rip ပါ brother မင်း​သွေး​ရေ..