သရုပ်ဆောင် မင်းသွေးအပါအဝင် တစ်နေ့တည်း ဘောလုံး ကစားရင်း သေဆုံးခဲ့ရသူသုံးဦးရှိ

3016

အောက်တိုဘာ ၃ ရက်နေ့ တစ်ရက်တည်းအတွင်း မြန်မာနိုင်ငံမှာ ဘောလုံးကစားရင်း မတော်တဆဖြစ်ပြီး ရုတ်တရက် သေဆုံးခဲ့ရသူသုံးဦး ရှိခဲ့ကြောင်း သတင်းများအရသိရသည်

ပထမတစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဗိုလ်လုပွဲမှာ ကျွန်းပင်သာ/ကချင်စုဘောလုံးအသင်းက ဂိုးသမား ဆိုင်းထွယ်အောင် ဆိုသူဖြစ်ပြီး သူဟာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး သတိလစ်သွားခဲ့သည့်အတွက်

အရေးပေါ် မန္တလေးဆေးရုံကြီးကို သယ်ယူ လာစဉ်လမ်းခရီးမှာပဲသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဒုတိယတစ်ယောက်မှာ သရုပ်ဆောင်မင်းသွေးဖြစ်ပြီး ဘောလုံးကစားရင်း ရေသောက်လိုက်စဉ်မှာ နှလုံးဖောက်ပြီး သေဆုံးခဲ့ရခြင်းပါ။

အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာ့ ရုတ်တရက်ကွယ်လွန်ခဲ့သည့် သရုပ်ဆောင်မင်းသွေးသည် သေဆုံးခဲ့သည့်အောက်တိုဘာ ၃ ရက်နေ့မှ စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်

ထပ်မံသေဆုံးသွားသူ တတိယတယောက်မှာအောက်တိုဘာ ၃ ရက်နေ့ ကကျင်းပနေသည့် မပခ တိုင်းမှူးဒိုင်း ​ဘောလုံးပွဲစဉ်၌ ပါဝင်ယှဉ်ပြိုင်နေသည့် ကိုဇင်ဘိုလေး(ခ)မရမ်းသီး​ ပဲဖြစ်ပါသည်

ဘောလုံးကစားရင်း အသက်ရှုကြပ်လာပြီး ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းမြစ်ကြီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ စာမျက်နှာမှာ ဖော်ပြထားကြောင်းတွေ့ရသည်အသက်နှင့်ရင်းရလောက်သည်အထိ ဘောလုံးကစားခြင်း ကို ဝါသနာပါပြီး သေဆုံးခဲ့ကြသူသုံး ယောက်စလုံး ကောင်းရာသုဂတိသို့ လားကြပါစေ….ဟု ဆန္ဒပြုလိုက်ရပါသည်

Source- myat thu tun