လွန်ခဲ့သော တစ်နှစ်လောက်က အကြောင်းတွေ ပေါ်လာတဲ့ ဖြိုးမြတ်အောင်

2607

[Zawgyi Version]









ပုံ့တို့သိထားတဲ့ အဂ္ဂနီဆိုတာကို သူ့ပရိတ်​သတ်​​တွေ​ရော၊ သူ့ကို မုန်းတဲ့သူ​တွေ​ရော သိ​အောင်​ချပြ​ပေးတာပါ…အတ္တစိတ်​​တွေ​ကြောင့်​ မဟုတ်​မမှန်​ရာကို စွတ်​စွဲပြီး သူတစ်​ပါးဘ၀ကို မဖျက်​ဆီးကြပါနဲ့လို့ ​တောင်းပန်​ချင်​သလို….​မောင်​​လေး ဖြိုးမြတ်​​အောင်​လဲ မိမိ အရည်​အချင်းနဲ့ညီတဲ့ ​နေရာတစ်​ခုကို ပိုင်​ဆိုင်​နိုင်​ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​…..

Credit-T S S H

[Unicode Version]
Myanmar idol Season 3 က ဖြိုးမြတ်​​အောင်နဲ့ ပတ်​သက်​ပြီး…ဟင်္သာတသား အချင်​းချင်​း ကိုယ်​သိထားတာ​လေး ​ပြောချင်​လို့ပါ…ပုံ့က ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဖွားရိပ်​သာ​လေး တည်​​​ထောင်​ထားပြီး တနိုင်​တပိုင်​ ပရဟိတ​လေး လုပ်​​နေသူပါ…

ပုံ့ အဂ္ဂနီကို စသိခဲ့တာ…တနှစ်​ကပါ…အဲ့အချိန်​တုံးက ပုံ့တို့က အခုလို ရိပ်​သာမတည်​​ထောင်​နိုင်​​သေးဘဲ…အိမ်​​လေးတစ်​လုံးငှါးလို ခိုကိုးရာ မရှိရှာတဲ့ အဘိုးအဖွား​တွေကို ​စောင်​့​ရှောက်​​နေတာပါ…အ​တော်​ကို ခက်ခက်​ခဲခရ ရုန်​းကန်​​နေရတဲ့အချိန်​…အဂ္ဂနီတို့က ဟင်္သာတမှာ Music Band ​လေးတစ်​ခု ဖွဲ့ထားတဲ့ လူငယ်​​လေး​တွေ​ပေါ့…
ကိုယ်​့မြို့မှာ တနိုင်​ငံလုံးက အဘိုးအဖွား​တွေကို နိုင်​သ​လောက်​​စောင်​့​ရှောက်​တဲ့ ဘိုးဖွားရိပ်​သာ​လေးလုပ်​တယ်​ဆို​တော့ သူတို့​တွေ လာကူ၊ လာလှုကြပါတယ်​…

ပထမဆုံး…သူတို့ Music Band က လူငယ်​​တွေ ပိုက်​ဆံစုပြီး လာလှုကြတယ်​…​နောက်​ တခြားမြို့က သူတို့နဲ့သိတဲ့ မိတ်​​ဆွေ​တွေကို ​လှုဖို့ တိုက်​တွန်​း​ပေးတယ်​…ကိုယ်​တိုင်​လိုက်​ပို့​ပေးတယ်​….အဲ့က​နေ စသိခဲ့တယ်​​ပေါ့ ..ဒါ​ပေမဲ့ အဖွဲ့နဲ့လာတာဆို​တော့ မျက်​မှန်​းတန်​းမရုံပါ…..

အဲ့​နောက်​…ပုံ့တို့​တွေ အလှုရှင်​​တွေ​ပေါ်လို့ ရိပ်​သာ​လေး အတည်​တကျ ​ဆောက်​လုပ်​နိုင်​တဲ့အချိန်​မှာ ​ငွေအားမတတ်​နိုင်​​သေးတဲ့ အဂ္ဂနီတို့ အဖွဲ့ လူငယ်​​တွေဟာ…လူအားနဲ့ လာကူကြပါတယ်​….2016 ဧပြီလမှာ…ရိပ်​သာ​လေး အ​တော်​အသင်​့ပြီး​တော့….ရှင်​အပါး (၁၄၀ ) ရှင်​ပြုပွဲလုပ်​​တော့ အဂ္ဂနီတို့အဖွဲ့​တွေ ​ဆောက်​ပြီးစရိပ်​သာ အသစ်​​လေးကို သန်​့ရှင်​း​ရေး​တွေလုပ်​ကြ…သင်္ဃန်​း​တွေ ထုတ်​ကြ သယ်​ကြစီကြနဲ့…သူတို့ဘဲ အကုန်​၀ိုင်​းကူလုပ်​​ပေးကြတာပါ…အဲ့မှာ အဂ္ဂနီတို့နဲ့ အ​တော်​​လေးကို ရင်​းနှီးခဲ့ပါတယ်​….

အဲ့​နောက်​​တော့ ပုံ့တို့ ခိုလှုံရာအဖွဲ့ဝင်​လိုကိုဖြစ်​ပြီး…ခိုကိုးရာမဲ့သူ​တွေ၊ စိတ်​ကျန်​းမာ​ရေး မ​ကောင်​းသူ​တွေကို ​ခေါ်တဲ့​နေရာမှာ ကိုယ်​တိုင်​လိုက်​….အီး​၊​သေး ကအစ အကုန်​လုပ်​​ပေးလို့ လိုက်​ကူ​ပေးကြပါ​တော့တယ်​…​ဒီလိုနဲ သူ့ဘဝရဲ့ ဘာအထိန်​းအမှတ်​​လေးလုပ်​လုပ်​ အ​ပျော်​အပါးထက်​ ရိပ်​သာမှာဘဲ လှုတန်​းပြီး လုပ်​ဖြစ်​တာများပါတယ်​….

ပုံ့​ပြောချင်​တာက….ဖြိုးမြတ်​​အောင်​(ခ)အဂ္ဂနီဟာ လူငယ်​ပီပီ…​သောက်​တာ၊စားတာ၊ ​ပျော်​ပါးတာ ရှိပါလိမ်​့မယ်​….ဒါ​ပေမဲ့ စည်​းလွတ်​​ဘောင်​လွတ်​​နေတဲ့ လူငယ်​တစ်​​ယောက်​၊ ရိုင်​းစိုင်​းဆိုးသွမ်​း​နေတဲ့ လူငယ်​တစ်​​ယောက်​ မဟုတ်​တဲ့အပြင်​….စိတ်​ရင်​းမှန်​တဲ့၊ ဟန်​​ဆောင်​မှုကင်​းတဲ့၊ ကိုယ်​ချင်​းစားတရားရှိပြီး ကူညီတတ်​တဲ့ လူငယ်​တစ်​​ယောက်​ဆိုတာ….ပုံ့တို့ အာမခံရဲပါတယ်

ပုံ့အခု​ပြောပြတာ….သူ့ကို Vote ​ပေးဖို့ မဲဆွယ်​တာလဲ မဟုတ်​သလို…သူ့အ​ကြောင်​း အမွှန်​းတင်​​ရေးတာလဲ မဟုတ်​ပါဘူး…သူ့အသံကို ကြိုက်​မှ မဲ​ပေးပါ…ဒါ​ပေမဲ့…သူ့ဘဝ၊ သူ့မိသားစုဘဝ၊ သူ့ရည်​မှန်​းချက်​အတွက်​ အားသွန်​ခွန်​စိုက်​ ကြိုးစား​နေတဲ့ က​လေးတစ်​​ယောက်​ကို မဟုတ်​မမှန်​ရာ​တွေနဲ့ တိုက်​ခိုက်​ပြီး ဆွဲချခံရတာမျိုး မဖြစ်​​စေချင်​လို့ပါ….

ပုံ့တိူ့သိထားတဲ့ အဂ္ဂနီဆိုတာကို သူ့ပရိတ်​သတ်​​တွေ​ရော၊ သူ့ကို မုန်​းတဲ့သူ​တွေ​ရော သိ​အောင်​ချပြ​ပေးတာပါ…အတ္တစိတ်​​တွေ​ကြောင်​့ မဟုတ်​မမှန်​ရာကို စွတ်​စွဲပြီး သူတစ်​ပါးဘဝကို မဖျက်​ဆီးကြပါနဲ့လို့ ​တောင်​းပန်​ချင်​သလို….​မောင်​​လေး ဖြိုးမြတ်​​အောင်​လဲ မိမိ အရည်​အချင်​းနဲ့ညီတဲ့ ​နေရာတစ်​ခုကို ပိုင်​ဆိုင်​နိုင်​ပါ​စေလို့ ဆု​တောင်​း​ပေးပါတယ်​…..

Credit-T S S H