မယားပါသမီးကို အကြိမ်​ကြိမ်​ အဓမ္မကျင့်​တဲ့ ပ​ထွေး နဲ့ အမှု့မဖွင့်​လိုတဲ့ မိခင်​ရင်း

3731

မယားပါသမီးကို အကြိမ်​ကြိမ်​ အဓမ္မကျင့်​တဲ့ ပ​ထွေး နဲ့ အမှု့မဖွင့်​လိုတဲ့ မိခင်​ရင်း။

မယားက ပါလာတဲ့ ၁၂ နှစ်​သမီး ​လေးကိုပ​ထွေး က အဓမ္မ ကျင့်​တဲ့ကိစ္စ မိခင်​က အမှု့မဖွင့်​​သော်​လည်း လက်​​တွေ့ မြင်​ခဲ့ရတဲ့ အရပ်​လူကြီးများက ပ​ထွေးကို အမှု့ဖွင့်​ တိုင်​ကြား။

စက်​တင်​ဘာလ ၄ ရက်​​နေ့ က ရန်​ကုန်​တိုင်း​ဒေသကြီး ​ရွှေပြည်​သာ မြို့နယ်​ ၁၉ ရပ်​ကွက် တွင်​ပ​ထွေးဖြစ်​သူ က မယားပါသမီးကို သားမယားအဖြစ်​ပြုကျင့်​မှု့ကို ရပ်​ကွက် လူကြီးများက ​တွေ့မြင်​၍ ၀ိုင်းဝန်း ဖမ်းဆီး လိုက်​ကြ၏။

ဖြစ်​စဉ်​မှာ ထို​နေ့နံနက်​ ၉ နာရီ က ဦးဆန်းဝင်း၅၂ နှစ်​ ရာအိမ်​မှုး ၁၉ ရပ်​ကွက် ​ရွှေပြည်​သာမြို့နယ်​ ​နေသူသည်​ ရပ်​ကွက် အုပ်​ချုပ်​​ရေး မှုး ရုံး၌ ရှိ​နေစဉ်​ တာဝန်​ သိ ပြည်​သူတ​ယောက်​ကရပ်​ကွက် အတွင်းရှိ မြင့်​ဦး ၅၀ နှစ်​ ဆိုင်​ကယ်​ကယ်​ရီ ​မောင်းသည်​ အသက်​ ၁၂ နှစ်​ ခန့်​ရှိ မယားပါသမီးကို အဓမ္မ ပြုကျင့်​ ​နေ​ကြောင်းဖုံးဖြင့်​ ဆက်​သွယ်​ သတင်း​ပေးပို့လာ၏။

ထို သတင်းအရ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှုး၏ ခိုင်း​စေချက်​အရ ဦးဆန်းဝင်း က တစ်​ရပ်​ကွက်​ထည်း​နေသူ ဦးကံမြင့်​ နှင့်​အတူသွား​ရောက်​စဉ်​ မြင့်​ဦး၏ ​နေအိမ်​ ထဲတွင်​မြင့်​ဦး က မ……အား သားမယားအဖြစ်​ပြုကျင့်​ ​နေသည်​ကို ​တွေ့မြင်​ရသဖြင့်​ ဦးဆန်းဝင်း နှင့်​ ဦးကံမြင့်​ တို့က “​ဟေ့​ကောင်​”ဟု လှမ်း​အော်​လိုက်​​ကြောင်း သိရ၏။

ထို့​နောက်​ ဦးဆန်းဝင်း နှင့်​ ဦးကံမြင့်​ တို့မှမ……နှင့်​ မြင့်​ဦး တို့အား ရပ်​ကွက် အုပ်​ချုပ်​​ရေးမှုးရုံးသို့ ​ခေါ်​ဆောင်​ ပြီး ​မေးမြန်းရာ မြင့်​ဦးကမ…….အား အကြိမ်​ကြိမ်​ သားမယားအဖြစ်​ပြုကျင့်​ ​ကြောင်း ၀န်​ခံသလို အမျိုးသမီး ​ရေးရာအဖွဲ့က လည်း မ……အား ​မေးမြန်းရာ မြင့်​ဦး ကမ…….အား ယခင်​က သားမယားအဖြစ်​အကြိမ်​ကြိမ်​ ပြုကျင့်​ ​ကြောင်း ၊မိခင်​ဖြစ်​သူအား​ကြောက်​သဖြင့်​ မ​ပြောပြခဲ့​ကြောင်း ​ပြောပြသိရသည်​။

ဖြစ်​စဉ်​ကို မ…….၏ မိခင်​အား ​ပြောပြရာ၎င်း အ​နေဖြင့်​ အမှု့ဖွင့်​ တိုင်​တန်း လိုခြင်းမရှိ ​ကြောင်း ​ပြောပြသဖြင့်​ ရာအိမ်​မှုး ဦးဆန်းဝင်းက တရားလို အဖြစ်​ ​ရွှေပြည်​သာ မြို့မရဲစခန်းသို့ တိုင်​တန်းရာ ရဲစခန်း မှ ပုဒ်​မ ၃၇၆ ဖြင့်​အမှု့ဖွင့်​ ကာ ဖမ်းဆီး စစ်​​ဆေး ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း ဂျာနယ်​ မှာ ​ရေးသား​ဖော်​ပြထားပါတယ်​ ။

tinlayzaw မှု့ခင်းသတင်းဂျာနယ်​ 26,9,18