လက်ထပ်ထိမ်းမြားပြီးသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေတဲ့ အောင်သူနဲ့ ပိုးအိအိခန့်

3954

နိုင်ငံ့လက်ရွေးစင်ဘောလုံးသမား အောင်သူဟာ လက်ရှိမှာ ထိုင်းအသင်း Police Tero မှာ ဝင်ရောက်ကစားနေသူဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြုလက်ရွေးစင်အသင်းမှာလည်း တိုက်စစ်မှူးနေရာကနေ ဝင်ရောက်ကစားနေပြီး ဂိုးတွေများစွာကိုလည်း သွင်းယူထားနိုင်သူတစ်ဦးဖြစ်ပါတယ်။

အောင်သူကတော့ လက်ရှိမှာ LDRS အချစ်ရေးကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ ပရိသတ်တွေ သိထားခဲ့တာဖြစ်ပါတယ်။ ပိုးအိအိခန့်နဲ့ချစ်သူတွေဖြစ်နေကြကြောင်း ပရိသတ်တွေလည်း သိရှိထားကြပြီး သူတို့ရဲ့ တစ်ဦးပေါ် တစ်ဦးယုံကြည်စိတ်ချမှုတွေကိုလည်း မကြာခဏ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

မနေ့က ညပိုင်းမှာတော့ အောင်သူရဲ့ အကောင့်ဟက်ခံခဲ့ရတာဖြစ်ပါတယ်။ ဟက်ကာက အောင်သူတို့ ချစ်သူနှစ်ဦးရဲ့ပုံတွေကို Like 10K ရရှိရင် တင်သွားမယ်လို့ ပြောခဲ့ပေမယ့် ပရိသတ်တွေက အောင်သူအတွက် စိတ်ပူနေခဲ့ကြတာဖ်ြစပါတယ်။

အောင်သူဟာ မကြာခင်မှာ ဆူဇူကီးပွဲတွေကန်ရတော့မှာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာရသွားမှာစိုးရိမ်တာကြောင့်ပါ။ ဟက်ကာကတော့ ယနေ့ညမှာ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ပုံတွေကို တင်လိုက်ပါတယ်။

ထိုပုံတွေမှာတော့ အောင်သူနဲ့ ပိုးအိအိခန့် တို့ရဲ့ လက်ထပ်ထိမ်းမြားမင်္ဂလာစာချုပ်တို့နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ ထိုပုံတွေဟာ ယခုလက်ရှိအနေအထား လားဆိုတာကိုတော့ ပရိသတ်တွေလည်း ဝေခွဲမရဖြစ်နေကြပါတယ်။

သို့သော်လည်း အရင်တည်းက လက်ထပ်ထိမ်းမြားထားပြီးခဲ့တဲ့ပုံတွေဖြစ်ကြောင်း ပရိသတ်တွေက မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် စည်သူမောင်ကလည်း အောင်သူတို့ ဇနီးမောင်နှံပုံအောက်မှာ Congratulation လို့ ဂုဏ်ပြုပေးထားတာဖြစ်ပါတယ်။

Credit to We Love Cele

Source-Aung Thu Facebook