ရွှေမှုန်ရတီတစ်ယောက် ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ ရွှေထူးရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယို

5566

ပရိသတ်တွေကို အသိပေးထားပြီးပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲရဲ့ မင်္ဂလာပွဲဟာ လာမယ့် ၁၁ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီးတော့ စေ့စပ်ပွဲကိုတော့ အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်ရှိ Park Royal Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရွှေမှုန်ရတီနဲ့ရွှေထူးဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင်းနဲ့ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး ယခုလို နှစ်ကိုယ်တူ ဘဝကိုဖြတ်သန်းဖို့အထိ ဆုံးဖြတ်ချက်တွေခိုင်မာစွာ ချစ်ခဲ့ကြတာဖြစ်ပါတယ်။

ရွှေထူးကတော့ မင်္ဂလာပွဲမတိုင်ခင် ပရိသတ်တွေကို သီချင်းတစ်ပုဒ်တင်ပေးချင်တယ်လို့ ယနေ့မှာ မိတ်ဆက်အသိပေးခဲ့ပြီးနောက်မှာတော့ ရွှေမှုန်ရတီကို လက်ထပ်ခွင့်တောင်းထားတဲ့ ဗီဒီယိုလေးနဲ့ သီချင်းတစ်ပုဒ်ကိုတင်ပေးလိုက်တာဖြစ်ပါတယ်။

အရမ်းမိုက်တဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဖန်တီးမှုလေးတွေနဲ့ ရွှေမှုန်ရတီတစ်ယောက် ရင်သပ်ရှုမောတွေဖြစ်ခဲ့ရတာလေးတွေကို ပရိသတ်ကြီးအပီအပြင်ခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ရွှေမှုန်ရတီရဲ့ ရင်သပ်ရှုမောဖြစ်နေတဲ့ပုံရိပ်လေးတွေခံစားကြည့်ကြပါနော်

ရွှေနှစ်ရွှေတို့ နောင်နှစ်ပေါင်းများစွာတိုင် အချစ်တွေနဲ့ ရစ်ပတ်ထားတဲ့ နှစ်ကိုယ်တူဘဝလေးကိုသာယာစွာတည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်….

Credit to We Love Cele
Video Source-Htoo Khant