ကံကြမ္မာဆိုးမ၀င်ခင် ရှုတင်မှာ ဒီကားပေါ်မှ အကယ်ဒမီ မြင့်မြတ်

6183

မန္တလေးကျုံးထောင့်က…အပြစ်မဲ့လူငယ်နှစ်ဦး သေဆုံးအောင်မီးနီဖြတ်မောင်းတဲ့ကား မောင်းသူကသူ့ရဲ့ကိုယ်ပိုင်ကားမဟုတ်ပါ။ ရုပ်ရှင်ရှုတင်ရှိလို့ဆိုပြီး သူငယ်ချင်းဆီက ကားကိုငှားပြီး ရှုတင်ပြီးသွားပေမဲ့ပြန်မအပ်သေးဘဲ ကိုယ်ပိုင်ကားလိုကြွားဝါချင်လို့ လျှောက်မောင်းသွားလာနေတာလို့ သတင်းများကြားသိရပါတယ်

ကားပိုင်ရှင်ရဲ့ Post ပါ

ရှုတင်မှာ ဒီကားပေါ်မှာ အကယ်ဒမီမြင့်မြတ် . . .

ကားတန်ဖိုးကတော့သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ LEXUS အမိုးဖွင့်ပြိုင်ကားလေးဖြစ်ပါတယ်။ ကားပိုင်ရှင်ကတော့ကြေကွဲနေပါတယ်။ မိမိပိုင်တန်ဖိုးကြီးမားပစ္စည်းများကို ဘယ်လောက်ဘဲ ခင်မင်ရင်းနှီးပါစေ ငှားရမ်းခြင်းမပြုကြဖို့သင်ခန်းစာပါ။

လူအများစုဟာ…သူတပါးဆီမှငှားရမ်းသုံးစွဲကြလျှင် မိမိပစ္စည်းလိုဂရုမစိုက်ကြဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး အသုံးပြုတတ်ကြပါတယ်။

ပြသာနာတက်ပြီဆိုရင်လဲ တာဝန်မယူတတ်ကြပါဘူး..မိတ်ဆွေတို့အားလုံး သင်ခန်းစာယူတတ်ကြပါစေ😤😢

Credit: Tawthu