နာမည်ကြီး ဖြိုးမြတ်အောင် Bottom 3 ရောက်သွားတဲ့ Myanmar Idol

2492

Zawgyi Version









Unicode Version
မနေ့ညက ပြီးသွားတဲ့ Result show နောက်မှာတော့ ပရိတ်သတ်အတွက် အံ့သြမင်သက်မှုတွေကို Myanmar Idol က ပေးသွားပါတယ်။ Result show အဖြေအရ – မြန်မာ Idol Top 5 ထဲမှ နှုတ်ဆက်ထွက်ခွာရသူ ၂ ယောက်ဟာ ငွေဇင်လှိုင်း နဲ့ နေခန့်မင်းသစ် ဖြစ်ပြီး ကျန်ရှိခဲ့တဲ့ Top 3 ကတော့ ဇော်ကြီး၊ ချမ်းမြေ့မောင်ချို၊ ဖြိုးမြတ်အောင် တို့ဖြစ်ပါတယ်။

Top 5 result show ပြန်ပြောရမယ်ဆိုရင် ပထမဆုံး နေ့ခန့်မင်းသစ်ကို ဆွဲထုတ်လိုက်ပြီး Voting စနစ်အရ Bottom 3 ကို ထိုင်လိုက်ရတယ်။ နေ့ခန့်မင်းသစ်ဟာ ဒိုင်လူကြီးတွေရဲ့ Save ထားခြင်းခံရသူပါ။

ဒုတိယဆွဲထုတ်ခံရသူဟာ ငွေဇင်လှိုင်းဖြစ်ပြီး ပရိတ်သတ်အားပေးခြင်း ကို ရရှိလာတဲ့ တမူးနယ်ခံသူ/သားတွေ အပြိုင်အဆိုင်ပွဲတော်ကြီးအလား vote လုပ်ခံရတဲ့ ၁ ယောက်ပါ။ သို့ပေမယ့်လည်း Bottom 3 ပဲ ထိုင်လိုက်ရပြန်ပါတယ်။

တတိယအနေနဲ့ Pantene wild card နဲ့ ပရိတ်သတ်ရဲ့ ပြန်လည်ရွေးချယ်ခေါ်ယူမှုခံရတဲ့ ဇော်ကြီးဖြစ်ပါတယ်။ ဒီမှာ အံသြစရာစတွေ့ရတာကတော့ Bottom 3 ပြန်ရောက်မယ်လို့ မှန်းထားတဲ့ ၁ ယောက်က Voting စနစ်အရ အလွတ် Safe ဖြစ်သွားကြောင်း ကြေငြာလိုက်ချိန်မှာတော့ ဇော်ကြီး ကိုယ်တိုင်ရော ဒိုင်တွေနဲ့ ပရိတ်သတ်ကြီးကပါ အံသြသွားကြပါတယ်။

နောက်ဆုံးအနေနဲ့ ကျန်ခဲ့တဲ့ ချမ်းမြေမောင်ချိုရယ် ဖြိုးမြတ်အောင်ရယ်ကို တူတူခေါ်ထုတ်လိုက်ပြီး ဒုတိယမြောက် အံ့သြမှု ၁ ခု ဖြစ်တဲ့ တကြိမ်တခါမှ Bottom 3 မထိုင်ခဲ့ရဖူးသော ဖြိုးမြတ်အောင် Bottom 3 သို့ voting စနစ်အရ ရောက်ရရှိသွားပါတယ်။

ထိုResult ကို ကြေငြာပြီးတဲ့နောက် ဒိုင်တွေရဲ့ မျက်နှာ ပျက်သွားပြီး ဘယ်လိုဖြစ်ရတာလဲဆိုသော ပုံရိပ်များ မျက်နှာမှာ ပေါ်လွင်နေတာ တွေ့ရပါတယ်။ အချုပ်ဆိုရသော် ဇော်ကြီး နဲ့ ချမ်းမြေ့မောင်ချို အလွတ် Safe ဖြစ်သွားက ဖြိုးမြတ်အောင် Bottom 3 ထဲကနေ နေခန့်မင်းသစ် နဲ့ ငွေဇင်လှိုင်းတို့ကို ကျော်ဖြတ်ကာ Top 3 သို့ ဇော်ကြီး၊ မောင်ချိုတို့နဲ့အတူ ပြန်လည်ရောက်ရှိလာပါတယ်။

ထိုကဲ့သို့ အထင်နဲ့အမြင်လွဲခဲ့တဲ့ Result တွေပြီးမှာတော့ ပရိတ်သတ်တွေ ပွဲဆူသွားကြပါတယ်။ ပရိတ်သတ်များ မှတ်ချက်အရ Top 2 ထိ တက်နိုင်တဲ့သူဟာ ဖြိုးမြတ်အောင် နဲ့ ငွေဇင်လှိုင်း ဆိုပြီး မှတ်ချက်များစွာ ပေးထားတာ တွေ့ရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Writer- Robert ငြိမ်းမောင် Myanmar Live လတ်တလော မြန်မာ့သတင်းများ Page