မိုင်းဖုန်းဆရာ​တော်​ မိုင်းဆတ်​မြို့နယ်​ မိုင်းကျက်​ဂူသို့ ၃ နှစ်​ ၃ လ ၃ ရက်​ အဓိဋ္ဌာန်​ပါရမီစတင်​ ဖြည့်​ကျင့်​ပါပြီ။

308

အရညဝါသီ မိုင်းဖုန်းဆရာ​တော်​ မိုင်းဆတ်​မြို့နယ်​ မိုင်းကျက်​ဂူသို့ ၃ နှစ်​ ၃ လ ၃ ရက်​ အဓိဋ္ဌာန်​ပါရမီစတင်​ ဖြည့်​ကျင့်​ပါပြီ။ အဓိဋ္ဌာန်​ကာလအတွင်း ကာယကံ မ​နောကံဖြင့်​ ဘုရားဝတ်​တက်​ခြင်း၊ (ဆရာ​တော်​ အဓိဋ္ဌာန်​ဝင်​ချိန်​ ဝစီကံကို ​စောင့်​ထိန်းကာ စကားမ​ပြောပါ) ​​ဝေ​နေယျသတ္တဝါတို့အား ​မေတ္တာပို့ အမျှ​ဝေခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ တရားစာ​ပေများ ကြည့်ရှုလေ့လာ နာယူခြင်း၊ ဗုဒ္ဓာနုဿတိ ပွားများကာ ဘုရားပုံ​တော်​များ ​စေတီပုံ​တော်​များ ​ရေးဆွဲ ပူ​ဇော်​ခြင်း၊ ​ရသတဏှာကို ပယ်​​ဖျောက်​သည့်​ အ​နေဖြင့်​ သစ်​သီးကိုသာ ဘုဉ်း​ပေးခြင်းများ ပြုကျင့်​ပါတယ်​။ 

မိုင်း​ဖုန်းဆရာ​တော်​သည်​ သာမ​ဏေဘဝ (သက်​​တော်​ ၁၁ နှစ်​) မှစ၍ ဝါတွင်း ၃ လပါတ်​လုံး အစဉ်​အမြဲ ဧကစာရီ တစ်​ပါးတည်း​နေကာ ဂူ​အောင်း အဓိဋ္ဌာန်​ မပြတ်​ ကျင့်​​တော်​မူခဲ့ပါတယ်​။


28.4.2019 အဓိဋ္ဌာန်​ ဝင်​သည့်​​နေ့တွင်​ ​တောင်​တန်းသာသနာပြု ဆရာ​တော်​ ဦးသုခမိန္ဒ (စ၀်​ဆုခမ်း-တန့်​ယန်း)၊ သီ​ပေါမြို့နယ်​ ​ဘော်​ကြို​ကျောင်းဆရာ​တော်​ ဦး​ဒေဝိန္ဒ၊ နမ့်​လန်​ ဆရာ​တော်​ ဦးဉာ​ဏောဘာသ ကျိုင်းတုံ မဟာ​ဗောဓိ​ကျောင်း လက်​​ထောက်​ဆရာ​တော်​ ဦးနန္ဒမာလာ၊ ဦးဉာဏသီရိနှင့်​ ရပ်​နီးရပ်​​ဝေး သံဃာ​တော်​အချို့ ကြွေ ရာက်​ ​မေတ္တာပို့ ပရိတ်​ ရွတ်​​ပေး​တော်​မူကြပါတယ်​။

အမှတ်​ ၂ စစ်​ဆင်​​ရေး အထူးဖွဲ့မှူး ဒုတိယဗိုလ်​ချုပ်​ကြီးသန်းထွန်းဦး၊ တြိဂံတိုင်းမှူး ဗိုလ်​ချုပ်​ခင်​လှိုင်​ ရှမ်းပြည်​နယ်​ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​အောင်​လင်းထွဋ်​၊ က​မ္ဗောဇဘဏ်​ နာယကကြီး ဦး​အောင်​ကိုဝင်းနှင့် အဖွဲ့လည်း ရဟတ်​ယာဉ်​ ၂ စီးဖြင့်​ ​ရောက်​လာပြီး မိုင်းဖုန်းဆရာ​တော်​ဘုရားအား လာ​ရောက်​ ကြည်​ညို ဂါရဝပြုကာ ဆရာ​တော်​၏ ​မေတ္တာ​တော်​ကို ခံယူသွားကြပါတယ်​။ အနယ်​နယ်​ အရပ်​ရပ်​မှ ပရိသတ်​များလည်း ​ရောက်​လာကြပါတယ်​။

ဒီည ည​နေ ၅ နာရီအချိန်​ မိုင်းဆတ်​မြို့နယ်​ရှိ မိုင်းကျက်​ အထက်​ဖာလှိုင်​ဂူမှာ မိုင်းဖုန်းဆရာ​တော်​ စတင်​ အဓိဋ္ဌာန်​ ဝင်​ပါတယ်​။

၁ လ တစ်​ကြိမ်​သာ ဆရာ​တော်​အတွက်​ အသီးများကို ပို့​ပေးရန်​။

၃ လ တစ်​ကြိမ်​ ဆရာ​တော်​ဦးဉာ​ဏောဘာသ ဦး​ဆောင်​​သော သံဃာ​တော်​များ မိုင်းကျက်​ဂူ အပြင်​ ပရိတ်​တရား လာ​ရောက်​ ​ဟော​ပေးရန်​။

ဂူ​အောင်း အဓိဋ္ဌာန်​ဝင်​​နေစဉ်​အတွင်း အပြင်​​လောကမှ ​ကောင်းသတင်း ဆိုးသတင်းမှန်​သမျှ ဘာသတင်းမှ ဆရာ​တော်​ထံ မည်​သည့်​နည်းနှင့်​မျှ လုံးဝ မပို့​ပေးရ။

ဆရာ​တော်​က လိုအပ်​သည့်​အရာများကို စာ​ရေးပြီး အ​ကြောင်းကြားပါမည်​။

သတ္တဝါမှန်​သ၍ တရား​တွေ့ ချမ်း​မြေ့သာယာ ရှိပါ​စေ။

Credit:Sao Su Kham