ဇာတ်ပို့ဇာတ်ရံတွေကို အဝတ်အစားတွေလှူရင်း အရမ်းကိုကြည်နူးပျော်ရွှင်နေတဲ့ အိန္ဒြာကျော်ဇင်

822

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ အနုပညာရှင် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပေမယ့် အပျော်တမ်း ပန်းချီဆရာမ (သို့) ဆရာဝန်မ တစ်ဦး ဖြစ်ချင်ခဲ့တဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

အပျော်တမ်း ပန်းချီဆရာမ (သို့) ဆရာဝန်မ တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူမကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်ဘက်ကို ဝင်ရောက်လာခဲ့ပြီး ၂ နှစ်အတွင်းမှာပဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ယနေ့အချိန်အထိ ရပ်တည်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ထိုသို့ အနုပညာအလုပ်ကို စတင်ခြေလှမ်းခဲ့ရာကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာခဲ့ရတဲ့ သူမကတော့ “မျက်နှာများတဲ့ကောင်းကင်” ရုပ်ရှင်ကားကြီးနဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားကြီး (၂)ကားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

အကယ်ဒမီဆုကြီးတွေကို ဆွတ်ခူးပိုင်ဆိုင်ထားရှိခဲ့ရတဲ့ သူမကတော့ အနုပညာအလုပ်ဖြစ်တဲ့ သရုပ်ဆောင်၊ အဆို၊ အက စသည့် အဘက်ဘက်ကနေ ပီပီပြင်ပြင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ အပိုအလိုမရှိရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ဘယ်ဘက်က ဘယ်လိုပုံစံမျိုးပဲလာလာ မျိုးစုံရတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ဧပြီလ ၂၄ ရက်နေ့က အသက် (၄၂) နှစ်ပြည့်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၄၂) နှစ်ပြည့်မွေးနေ့မှာ ဘုရားသွား ကုသိုလ်တွေမျိုးစုံယူခဲ့တဲ့ အူဝဲကတော့ ဧပြီလ (၂၈) ရက်နေ့မှာ ချစ်ရတဲ့ အနုပညာရှင် လုပ်ဖော်ကိုင်ဖက် ဇာတ်ပို့ ဇာတ်ရံတွေကို အဝတ်အစားတွေနဲ့ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ အနုပညာရှင် လုပ်ဖော်ကိုင်ဖက် ဇာတ်ပို့ ဇာတ်ရံတွေကို အဝတ်အစားတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ အူဝဲနဲ့ အနုပညာရှင် များစွာတို့ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်ရတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေကို အဝတ်အစားတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ အူဝဲရဲ့ အကြောင်းကိုတော့ ဇာတ်ပို့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ ကြူကြူသင်းက ” အူဝဲလေး ရဲ့စေတနာ အားလုံးပျော် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ရတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေကို အဝတ်အစားတွေနဲ့ အမြဲလိုလို လှူပေးမြဲဖြစ်တဲ့ ဦးတီနဲ့ တီဝဲတို့ မိသားစုလေးကတော့ အရမ်းကို အေးချမ်းလွန်းလှတဲ့ မိသားစုလေးတစ်စုအဖြစ် ရပ်တည်နေနိုင်ခဲ့ရပါပြီနော်။

ချစ်ရတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဝတ်အစားတွေလှူရင်း ပျော်ရွှင်နေတဲ့ အူဝဲရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျ ကြည်နူးမိမယ်လို့ ထင်ပါတယ်။

Credit : moemoelay
Ref : Kyu Kyu Thin’s Facebook