ဆိုင်ကလုန်း ဖန်နီ ကုန်းတွင်းဝင်ရောက်မှုကြောင့် လူနှစ်ဦးသေဆုံးကြောင်းသိရ

2573

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် ယနေ့နံနက် ၈ နာရီခန့်က အိန္ဒိယနိုင်ငံ သြရိဿ ကမ်းခြေ ကုန်းတွင်းသို့ ပုူရီမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ သေဆုံးသူ ၂ ဦးရှိကြောင်း သိရသည်။

”လက်ရှိအချိန်အထိ နှစ်ဦးသေဆုံးတယ်လို့ ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်။ တစ်ယောက်ကတော့ ရှဲလ်တာထဲမှာနေနေတဲ့ အဖိုးအိုတစ်ယောက်ပါ။ သူက နှလုံးရောဂါကြောင့်သေဆုံးတာပါ။ နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ သတိပေးထားတဲ့ကြားက အပြင်ကိုထွက်လို့ သစ်ပင်ပိပြီးသေဆုံးရတာပါ”ဟု သြရိဿပြည်နယ် အထူးပြန်လည်နေရာချထားရေးဆိုင်ရာ အုပ်ချုပ်ရေးမှူး Bishnupada Sethiက AFP သတင်းဌာနသို့ပြောသည်။

ဆိုင်ကလုန်းဖန်နီတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြိုမှုများ၊ အဆောက်အအုံပျက်စိးမှုများရှိပြီး၊ လက်ရှိအချိန်တွင် လျှစ်စစ်ဓာတ်အားပို့လွှတ်မှုများကို ဖြတ်တောက်ထားသည်။

သို့ရာတွင် မြေနိမ့်ပိုင်းဒေသ ဒိစတြိတ် ၁၅ ခုမှ ပြည်သူ ၁၁သိန်းခန့်ကို ကြာသပတေးနေ့ကတည်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်းသိရသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် နောက်(၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ရွေ့လျားပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖန်နီ အဖြစ်သို့ တစ်ဖြည်းဖြည်း အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေမည်ဟု မြန်မာ့မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။

PN
Ref: Cyclone Fani kills two in eastern India, a million evacuated(Aljazeera)
Photo – The Hindu News, AP, NDTV, Odisha Police(Twitter)