ကင်းခြေများ ကိုက်ခံရသူ အေ၇းပေါ် မကုသခဲ့သဖြင့် အဆိပ်သင့် သေဆုံး”

854

အိမ်သာ ထဲ့မှာ တွေ့ တဲ့ ကင်ခြေများကို ဖိနပ်နဲ့  တက်နင်းသတ်ခဲတဲ့ အသက် ၅၄ နှစ် ထိုင်းနိုင်ငံသူတဦး ဟာ ခြေဖ၀ါးကို ကင်းက ထိုးကိုက်လိုက်တာပါ။

ညပိုင်းဖြစ်နေတာကြောင့် သိသလောက် ဆေးမြီးတိုနဲ့  မိသားစုက ကုပေးပြီး မနက်မှ ဆေးရုံသွားပြ ဘို့  အချိန်စွဲခဲ့လို့  ညပိုင်းမှာ ကင်းကိုက်ထားတဲ့ နေရာက ဖူးရောင်လာ၊ခေါင်း ကိုက်လာရာက အဖျားတက် သတိလစ်သွားတဲ့အထိ ဖြစ်ခဲ့လို့  ဆေးရုံတင်ကုသခဲ့ပေမယ့် ကင်းဆိပ်ဒဏ်မခံနိုင်လို့  အမျိုးသမီး ဟာ သေဆုံးသွားခဲ့ပါတယ်။

ခုလိုပူအိုက်လာတဲ့ရာသီမှာ မြွေ ကင်းမြီးကောက် ကင်းခြေများ စတဲ့ အဆိပ်ပြင်းသတ္တ၀ါတွေဟာအေးပြီး စိုစွတ်တဲ့နေရာတွေကို လိုက်နေတတ်ပါတယ်။

အိမ်တွင်းမှာ အဓိက၀င်လာနေတဲ့ နေရာဟာ အိမ်သာဖြစ်ပါတယ်။ကုတင်အောက် အိပ်ယာအောက်တွေကိုလည်း လာရောက်နေတတ်ပါတယ်။ခုလိုဖြစ်ရပ်မျိုး အဆိပ်ရှိသတ္တ၀ါတွေကို တွေ့ ရင် အနီးကပ်မနေရဝေးဝေးကနေ တုတ်၊ ၀ါးလုံး ၊တမြက်စီး စသည်ကိုသုံးပြီး ကာကွယ်နိုင်တယ်၊လက်နဲ့  ကိုင် တာမျိုး ခြေထှောက်နဲ့  နင်းတာတွေမလုပ်သင့်ပါ၊

ကင်းကိုက်ပြီဆိုရင် အဆိပ်ပြေ အရေးပေါ်ကုသနိုင်သည့် နည်းလမ်းများ

(၁) ကိုက်တဲ့နေရာကို ရေ အရက်ပျံနဲ့  ဆေးကြောသန့် စင်ပါ။

(၂)ကြက်သွန်နီ တခြမ်းစိတ်ပြီး ကိုက်တဲ့နေရာပွတ်ပြီး ကြက်သွန်နီကို ကပ်ထားပေးခြင်းဖြင့် ကြက်သွန်နီက ကင်ဆိပ်ကို စုတ်ယူနိုင်သည်။

(၃) အရေးပေါ်ကုသနိုင်တဲ့ သင်္ဘောသီးအစိမ်းကထွက်တဲ့အစေးနဲ့  သုတ်လိမ်းပေးခြင်း၊

(၄) တဇောင်းလက်ပတ် အပင်ကထွက်တဲ့အစေးနဲ့  ပွတ်ပေးခြင်း

(၅) ကိုက်ခံရတဲ့နေရာကို ရေခဲအုံထားပေးရပါသည်။

(၆) နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန်ပို့ ပါ။

Credit: SAW