ရင်သားကို တင်းရင်းစေရုံသာမက ကြီးထွားအောင်ပါ ပြုလုပ်ပေးနိုင်တဲ့ သံလွင်ဆီ

600

ရင်သားသေးလို့ အားမရဘူးလား။ ဒါမှမဟုတ် တင်းရင်းမှုမရှိဘဲ ပျော့ပျော့ကြီးဖြစ်လို့ စိတ်ညစ်နေလား?ဒီလိုပြဿနာမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေး တစ်ခုပဲ ပေးမယ်နော်။ အဲ့ဒါကတော့ ဝယ်ရလည်းလွယ်၊ အလွယ်တကူလည်း ရရှိနိုင်တဲ့ သံလွင်ဆီပဲ ဖြစ်ပါတယ်။

သံလွင်ဆီဟာ ရင်သားတွဲကျတာအတွက်တော့ အကောင်းဆုံး နတ်ဆေး ပါပဲ။ သူ့မှာ antioxidants နှင့် fatty acid ပေါကြွယ်ဝတာကြောင့် ရင်သားတွဲကျမှုဖြစ်နေတာတွေကို အကောင်းဆုံး ပြန်လည်ပြုပြင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရင်သား တဝိုက် အရေပြားရဲ့ texture ကလည်း ပိုပြီးကောင်းလာစေပါတယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုလျှင် နဂိုထက် ပိုကြီးထွားလာတဲ့ ရင်သားကိုလည်း ပိုင်ဆိုင်နိုင်မှာပါ။

ပထမဦးစွာ သံလွင်ဆီကို လက်ဖဝါး ထဲသို့ ထည့်ပြီး လက်နှစ်ဖက်ကို ပွတ်လိုက်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သံလွင်ဆီဟာ အနည်းငယ်ပူနွေးသွားပါလိမ့်မယ်။ နောက်ပြီးတော့ ရင်သားနှစ်ဖက်ပေါ်သို့ ညှင်သာစွာ ပွတ်လိမ်းပေးပါ။ လိမ်းတဲ့အခါ အထက်သို့ပင့်ပင့်တင်ပေးပြီးတော့ လိမ်းပေးပါ။ ထို့နောက်တွင် သွေးလည်ပတ်မှုအားကောင်းပြီး ဆဲလ်များ ပြုပြင်ထိန်းသိမ်းနိုင်ရန် ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။

ဒီနည်းလမ်းကို တစ်ပါတ်လျှင် ၄ကြိမ် ၅ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမှန်တကယ်ထူးခြားတဲ့ ရလဒ်ကို ရရှိပါလိမ့်မယ်။

မယုံမရှိပါနဲ့ ကိုယ်တွေ့ပါ…

သံလွင်ဆီ မသုံးလိုပါက Almond Oil, Jojoba Oil, Avocado Oil စတာတွေကိုလည်း အသုံးပြုလို့ ရပါတယ်။

Credit : CHAN (ရွှေအင်းလေး)