မိုးအောင်ရင်လွတ်လာလို့ ဆန္ဒပြတဲ့သူတွေကို သာသာနဲ့နာနာ ပြန်ဖဲ့လိုက်တဲ့ အဆိုတော် မိုးမိုး

1470

လတ်တလောမှာ တော့ နိုင်ငံတော် သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့တဲ့နိုင်ငံကျော်သရုပ်ဆောင်မင်းသား မိုးအောင်ရင်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ။ မြန်မာနိုင်ငံ အနှံ့အပြားက ထောင်တွေမှာလည်း ထောင်သားတွေ ဆူပူသောင်းကျန်းမှုတွေဖြစ်ပေါ်ခဲ့ပြီးအပစ်ခတ်နဲ့ထိန်းသိမ်းခဲ့ရထိဖြစ်ခဲ့ပါတယ်။

တချို့ကလည်းမိုးအောင်ရင် လွတ်မြောက်သွားတဲ့အပေါ် ငွေကြေးအရှိန်ဝါ ကြောင့်ရယ်လို့ ခေါင်းစဉ်တပ်ပြီး ဝေဖန်နေကြတာဖြစ်လို့ လတ်တလောမှာ မိုးအောင်ရင် လွတ်မြောက်လာတဲ့ သတင်းကတော့ လူမှုကွန်ရက်မှာ ရေပန်းအစားဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဆိုတော်မိုးမိုးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပို့စ်တစ်ခုရေးသားခဲ့ပါတယ်။“မိုးအောင်ရင်လွတ်မှ ထ ဆန္ဒပြကြတယ်သစ်ခိုးတရုတ်တွေ ရက်ပိုင်းနဲ့ လွတ်လာတုန်းကကျဘာမှ မပြောကြဘူး “ လို့ သာသာနဲ့နာနာ ဖဲ့ထားတဲ့ စာသားတစ်ခုကိုရေးသားခဲ့တာဖြစ်ပါတယ်။

တချို့ပရိသတ်တွေကလည်းမိုးမိုးရဲ့စာသားကြောင့်ဝေဖန်နေကြသလိုတချို့ပရိသတ်တွေကလည်းမိုးမိုးမှန်တယ်လို့ ထောက်ခံနေကြ တာ တွေ့ရပါတယ် ။ပရိသတ်ကြီးလည်း တခုခု ပြောခဲ့ပါဦးနော်။