ဖခင်ကဆုံးပါး မိခင်က ဒုက္ခိတဖြစ်နေလို့ လာအပ်တဲ့ သားလေးတစ်ယောက်ကို မွေးစားလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

666

စိတ် ထား ကောင်း ပြီး ပ ရ ဟိ တ အ လုပ် တွေ ကို ကိုယ် ကျိုး မ ကြည့် ပဲ လုပ် လေ့ ရှိ တဲ့ သ ရုပ် ဆောင် ခိုင် နှင်း ဝေက တော့ သူ မ ရဲ့ မွန် မြတ် တဲ့ စိတ် ထား လေး ကြောင့် ပ ရိ သတ် တွေ လေး စား အား ကျ ချစ် ခင် ကြ သူ တစ် ဦးပါ။

အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘလက်ဝယ်မှာ မမွေးနိုင်တော့လို့ လာအပ်တဲ့ မိဘမဲ့ကလေးတွေကိုလည်း သူမကိုယ်တိုင် မိခင်အဖြစ်ခံယူပြီး မွေးစားနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ခိုင်နှင်းဝေက ကိုယ်ဝန် ၃ လကတည်းက ဖခင်က သေဆုံးပြီး၊ မိခင်ကလည်း ဒုက္ခိတဖြစ်နေတဲ့ မိခင်ကိုယ်တိုင် နောက်ထပ်ကလေးတစ်ယောက် မွေးစားလိုက်ပြန်ပါပြီ။

ပရဟိတ ဂေဟာ ကြီး အမြန်ဆုံး ဆောက်နိုင်ဖို့ တွန်းအားလေးတွေ ထပ်ရောက်လာပြန်ပါပြီရှင်🌟🌟🌟ရေနံချောင်းမြို့က တနင်္လာ သားလေး တဲ့ ….ကိုယ်ဝန်၃လထဲက ဖခင်ကဆုံးပါးသွားပြီး မိခင်က ဒုက္ခိတ ဖြစ်နေရှာတော့ ဒီကလေးလေးကို လက်ခံပေးပါဆိုပြီးဖုန်းဆက်ပြောလာတဲ့အချိန် ကျွန်မ ရင်ထဲကို ဆို့သွားတာပဲ။

ကျွန်မရင်ခွင်ရိပ်မှာ ပဲအပ်ချင်တယ်တဲ့လေ …” မမရေလက်ခံပေးပါ ” တောင်းဆိုလာတော့ ဒီက ခိုင်နှင်းဝေဆိုတဲ့ကျွန်မ ရဲ့ မေတ္တာတရားက စကားပြောတော့ ငြင်းစရာစကားလုံးတွေထွက်မလာတော့ဘူးရှင် ….အခုတော့ ချစ်ရတဲ့၉ရက်သား သားလေးကိုဒီနေ့မနက်အစောကြီး ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံသို့လာရောက်ပေးအပ်လက်ခံလိုက်ပါပြီ.။

အခုဆိုရင်ကျွန်မဆီစုစုပေါင်းကလေး၁၂ယောက်ရှိသွားပြန်ပြီ။သားလေးက ၆ယောက် သမီးလေး ၆ယောက် ရှိသွားပါပြီ။ ရှင် .အခုဆို ကလေးများရဲ့ မိခင်ကြီး ဒေါ်ခိုင်နှင်းဝေတယောက် သားသားမီးမီးလေးတွေကိုကြည့်ပြီး အားတွေရှိကာအလုပ်တွေပိုလုပ်နေပါပြီ။

ဘုရားရှိခိုး တိုင်းလည်း တောင်းတဲ့ဆုတခုက အေးချမ်းတဲ့ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ကြီး အမြန်ဆုံး ဖြစ်လာပါစေ ဘုရား ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပါ။ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ အခုဆိုရင် မိဘမဲ့ကလေးတွေကို မိခင်အမည်ခံပြီး မွေးစားထားတာ သားလေး ၆ယောက်၊ သမီးလေး ၆ယောက် စုစုပေါင်း ကလေး (၁၂) ယောက်ရဲ့ မိခင်ဖြစ်လို့နေပါပြီ။

မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပါ။ ချစ်စရာ စိတ်ဓါတ်ပိုင်ရှင်လေး ခိုင်နှင်းဝေရဲ့ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။

Source:Khine Hnin Wai’s Facebook

Credit momolay