ပြည်သူ့အကယ်ဒမီကရရှိတဲ့ချီးမြှင့်ငွေတွေကို ကျန်းမာရေးမကောင်းတဲ့ ဝါရင်းဇာတ်ပို့သရုပ်ဆောင် ၆ ဦးအိမ်ကို အကယ်ဒမီပိုင်ဖြိုးသုတို့ဇနီးမောင်နှံက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်

635

ပြည်သူ့အကယ်ဒမီကရရှိတဲ့ချီးမြှင့်ငွေတွေကို ကျန်းမာရေးမကောင်းတဲ့ ဝါရင်းဇာတ်ပို့သရုပ်ဆောင် ၆ ဦးအိမ်ကို အကယ်ဒမီပိုင်ဖြိုးသုတို့ဇနီးမောင်နှံက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ကြပါတယ်။

သွားရောက်လှူဒါန်းခဲ့တာတွေကို ဓာတ်ပုံတွေနဲ့တကွ ပိုင်ဖြိုးသုက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေဖော်ပြတာက

၁၂ရက်ညနေက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က သုသုတို့ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ အတူသုသုတို့ရရှိခဲ့တဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း ဘဘဦးပေါ်လေး ဘဘဦးဝင်းနိုင်(အနုပညာ) လေးလေးဦးဧရာ မကြီးကစ်ကစ် မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့ပါတယ်။

သုသုတို့ရဲ့ခုနစ်ရက်သားသမီးပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်