အသက်​က ၁၄ နှစ်​ ​မွေးထားတဲ့ က​လေးက ၂ လ​ ပြုကျင့်သွားသူက HIV ပိုးရှိသူ

330

သမီးငယ်​​ရေ – အားမငယ်​နဲ့ - စိတ်​မ​လျော့လိုက်​ပါနဲ့ 

ဒီည​နေ သမီးငယ်​နဲ့ ဗွီဒီယို call ​ခေါ်ပြီးစကား​ပြောဖြစ်​​တော့ သမီးငယ်​မျက်​နှာကအပြစ်​ကင်းလှတယ်​ – ခုမှ အသက်​က၁၄ နှစ်​ – ​မွေးထားတဲ့ က​လေးက ၂ လ​ဘဝဖြစ်​တည်​မှုက တစ်​​ကောင်​ကြွက်

ဒီအရွယ်​​လေးကို ဘယ်​ဘီလူးက မညှာ မတာပြုရက်​သလဲ – ကြည့်​ပါအုံး ပြုကျင့်​ သူက HIV ပိုးရှိသူ – ခု​တော့ သမီးငယ်​ ခဗျာ ​လောကဒဏ်​ကို အရွယ်​နဲ့ မမျှ ခံ​ရပြီ

သမီးငယ်​​ရေ သမီးနဲ့ မျက်​နှာချင်း​ရော အရွယ်​​ရောဆင်​တဲ့သမီးငယ်​တဦး အစ်​ကို့  က​​လေး​တွေကြားထဲရှိ​​နေတယ်​ – သူလဲ တ​ကောင်​ကြွက်​ပဲ – လူမှန်းမသိတတ်​ခင်​ ​ဘယ်​သူမှန်းမသိသူက ​ပန်းခြံထဲ ပစ်​သွားခဲ့တာ – ခု​တော့ သူက ၇ တန်း – စာလဲ​တော်​တယ်​ – လက်​​ရေးလဲ လှတယ်​ – တခါတရံ အစ်​ကို့ က​လေး​တွေ ကို ထိန်းမြူ ​နေတယ်​ –

သူ့ တုန်းကလဲ HIV ပိုး ပါမှာဆိုးလို့  စိုးရိမ်​ခဲ့ရတယ်​ – ခု သမီးလဲ ဘာမှမပူနဲ့  အစ်​ကို့ ဆီ​ရောက်​လာခဲ့ရင်​ ​ဆေး​ရော ​နေစရာ​ရော အဆင်​​ပြေ​အောင်

စီစဉ်​ ​ပေးမယ်​ – ​ရောက်​တဲ့​နေရာက​နေ သမီးပညာဆက်​သင်​ရမယ်​ – သမီးရဲ့  က​လေး ပိုး မရှိဖို့ အစ်​ကို သစ္စာဆို​ပေးမယ်

ရှေ့ မှာလဲ အဲ့လို ဝမ်းသာစရာဖြစ်​ရပ်​ ရှိဖုးတာကို – အဲ​တော့ ဟုတ်​တာ မဟုတ်​တာ အသာထား – စွမ်းခြင်း

မစွမ်းခြင်းလဲ အသာထား – စမ်းကြည့်

တာ​ပေါ့ သမီးရယ်​ .. ​နော်

ပျောက်​သွား​တော့လဲ အမြတ်​​ပေါ့

သမီး ခုရှိတဲ့​နေရာမှာ လုပ်​စရာကိစ္စပြီးပြတ်​ခဲ့ရင်​ အစ်​ကို့ ဆီ ဖုန်းဆက်​လိုက်​​တော့

အစ်​ကို ​စောင့်​​ကြို​နေမယ်

ကျွန်​​တော်​တို့ ​မေတ္တာများနဲ့ က​လေးများ အ​ပေါ် ​အကာအကွယ်​ ​ပေးကြပါစို့ နိုင်​ရာစွမ်းရာ တ​ထောင့်​တ​နေရာက​နေဒုက္ခ​ရောက်​​နေတဲ့က​လေးငယ်​များကိုကူညီကြရ​အောင်

ဘဝများစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ရှိကြပါ​စေခင်​ဗျာ

Credit – Phoe Zaw