ငွေဇင်လှိုင်းကို လေယာဉ်ကွင်းအထိ သွားကြိုခဲ့ကြတဲ့ တမူးကပရိတ်သတ်များဧ။် ပုံရိပ်များ

1030





Credit: PannPwint

========

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင် ငွေဇင်လှိုင်းကို သူမရဲ့ ဇာတိမြို့ပရိတ်သတ်က လေယာဉ်ကွင်းအထိ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

တမူကနေ ကလေး လေယာဉ်ကွင်းအထိ သွားကြိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေဇင်လှိုင်းဟာ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေအထဲမှာ ဇာတိပရိတ်သတ် စည်းလုံးမှုအရှိဆုံး အားပေးခံထားရသူလည်း ဖြစ်ပါတယ်။

သူမကိုယ်တိုင်ကလည်း ဆုရခြင်းမရခြင်းထက် ဇာတိပရိတ်သတ်ကို စည်းစည်းလုံးလုံး ဖြစ်စေခဲ့တာကို ပိုပြီး ပီတိဖြစ်ရတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။

မြန်မာအိုင်ဒေါ Top 4 ကနေ ပြီးခဲ့တဲ့အပတ်က ထွက်ခဲ့ရတာဖြစ်ပြီး အဆိုကောင်းတာကြောင့် မထွက်သင့်ဘူးလို့ အတော်များများက ပြောနေကြပါတယ်။

Credit: PannPwint