ရဟန်းတော်များကို သပိတ်လုံးလိုက် ဆွမ်းကပ်လေ့ရှိတဲ့ အလှူရှင်များ သတိထားဖို့ ကော်သပိတ် အန္တရာယ်အကြောင်း (ရုပ်သံဖိုင်)

669

ဦးဇင်း တပါးတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကော်သပိတ်နဲ့ ပတ်သက်ပြီး အန္တရာယ် ရှိပုံအကြောင်းကို ဖော်ပြခဲ့ပါတယ်။ မြတ်စွာဘုရားသားတော် ရဟန်းတော်တွေဟာ ဝိနည်းနဲ့ အညီ သပိတ်နဲ့ ဘုန်းပေးကြရပါတယ်။ သပိတ်အမျိုးအစား အမျိုးမျိုး ရှိပြီး ခေတ်တွေ ပြောင်းလဲလာတာနဲ့အမျှ သပိတ်ကို ပြုလုပ်တဲ့ ပစ္စည်းတွေ အမျိုးမျိုး ကွဲပြားခြားနား လာကြ ပါတယ်…..

သံ၊ စတီးလ်၊ ကော်၊ ဒန် စသဖြင့် ကုန်ကြမ်း ပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီး သပိတ်တွေကို ပြုလုပ်လာကြပါတယ်။ အဲဒီထဲမှာ ပလပ်စတစ်ကော်နဲ့ ပြုလုပ်တဲ့ သပိတ်များဟာ ထုတ်လုပ်မှု စရိတ်သက်သာပြီး ပေါပေါများများ ထုတ်လုပ် နိုင်တာကြောင့် ဈေးကွက်ထဲမှာ နေရာယူလာကြပါတယ်…..

ပလပ်စတစ်ကော်သပိတ်ရဲ့ အားနည်းချက်ကတော့ ဗီဒီယို ဖိုင်ထဲမှာ ဖော်ပြထားသလိုပဲ။ သပိတ်ကို အနက်ရောင် ဖြစ်အောင် သုတ်ထားတဲ့ ဆေးအမည်းတွေဟာ မခြေက်သေးဘဲ သပိတ်ထဲ ထည့်ထားတဲ့ ဆွမ်းတွေကို ပေစွန်းမှု ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်…….

ဓာတုဗေဒ ဆိုးဆေးတွေ ပေစွန်းနေတဲ့ ဆွမ်းတွေကို ဘုန်းပေးမိတဲ့ သံဃာတော်တွေအတွက်တော့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာမှ အသေအချာပဲ ဖြစ်ပါတယ်…….

အဲဒါကြောင့် အလှူ့ရှင် ဒါယကာ၊ ဒါယကာမတွေ အနေနဲ့ ရဟန်းတော်များကို ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ ပလပ်စတစ် ကော်သပိတ်တွေကို လှူဒါန်းခြင်း မပြုကြဘဲ အခြား စတီးလ် သပိတ်၊ ဒန်သပိတ်များကိုသာ လှူဒါန်းကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ…..

ဆရာတော် တင်ထားတဲ့ မူရင်းပို့စ်နဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ……

ယနေ့လပြည့်နေ့သပိတ်ဆွမ်းအလှူခံရာမှာကြုံတွေ့ရတဲ့သင်္ခံန်းစာယူဘို့ဒကာ ဒကာမများ သာသနာ့ညီတော် နောင်တော်များ သတိရှိစေဘို့အပြုသဘောဆောင် ကိုယ်တွေ့မျှဝေသတိပေးပါရစေ………

Credit-ဦးပညာသာမိ