နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးကာ ငွေကြေးနဲ့ ရွှေထည်ယူဆောင်သွားသူကို ဖမ်းဆီးရမိ….

278

နေ အိမ် ထဲ ကို ဝင် ရောက် ပြီး အ နု ကြမ်း စီး ကာ ငွေ ကြေး နဲ့ ရွေ ထည် တွေ ယူ ဆောင် သွား သူ ကို ဖမ်း ဆီး ရ မိ ခဲ့ တယ် လို့ ရဲ တပ် ဖွဲ့ က သိ ရ ပါ တယ်….

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့နေအိမ်တစ်လုံးကို လူတစ်ယောက်ကဝင်ရောက်လာပြီ အိမ်ထဲမှာရှိနေတဲ့ ဒေါ်ခင်သန်းမြင့် ကို သိုင်းဖက်ကာ ပါးစပ်ပိတ်ပြီး မအော်ဖို့ပြောဆိုပြီး ငွေနဲ့ ရွှေထည်ပစ္စည်းတချို့ယူဆောင်သွားခဲ့ပါတယ်…..

အဲ့တာကြောင့် ဒေါ်ခင်သန်းမြင့်က အဲ့ဒီအမျိုးသားဟာ ငွေ ၁၀ သိန်းနဲ့ ၁၇ သိန်းတန် စိန်ခြယ်နားကပ်တစ်ရံကို ယူဆောင်သွားတာကြောင့် အရေးယူပေးဖို့ အမှတ်(၁)နယ်မြေရဲစခန်းကိုတိုင်တန်းခဲ့တာကြောင့် ရဲစခန်းကနေ (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်…..

အဲ့ဒီနောက် ပစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အခင်းဖြစ်နေအိမ်ဘေးက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူဟာ အဲ့ဒီအိမ်မျက်စောင်းထိုးက ရွှေကျီးမုန့်ကြွပ်စက်ရုံက အလုပ်သမားဖြစ်သူ ဝင်းစိုး(ခ)တင်မောင်စိုး(၃၄)နှစ် ဖြစ်ကြောင်းသိရှိပြီး ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်……

ဒါ ကြောင့် သက် သေ ခံ ပ စ္စည်း တွေ နဲ့ အ တူ ဖမ်း ဆီး ရ မိ ခဲ့ တဲ့ ဝင်း စိုး (ခ) တင် မောင် စိုး ကို အ မှု ဖွင့် ဆက် လက် စစ် ဆေး လျက် ရှိ တယ် လို့ သိ ရ ပါ တယ်….

Photo – Mandalay Police

Credit Duwun