မြန်မာအလုပ်သမားတစ်ဦး ဓားထိုးအသတ်ခံရ

427

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မီ(င်)နယ်မြေ ထားစိုင်ရပ်ကွက် အုပ်စု(၁) စိုဝစွန်း(orange graden road)ရှိ စဘိုင်အဆောင်တစ်ခုအတွင်း
ယနေ့(၁၉.၅.၂၀၁၉)နေ့လည်(၁.၃၀)အချိန်ခန့်၌ မြန်မာအလုပ်သမားတစ်ဦးဓားအသက်ခံရသည့် အမှုတစ်ခုအား စမွတ်ဆာခွန်ရဲစခန်းမှ စစ်ဆေးရေးအရာရှိဗိုလ်မှူးMr.Amnak Kamponrနှင့်စစ်ဆေးရေးအရာရှိများ၊ စမွတ်ဆာခွန်ခရိုင်လူမှူဝန်ထမ်းဖောင်ဒေးရှင်းအဖွဲ့ဝင်များက
သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာ အခန်းအမှတ် (၂၁၂၁)အရှေ့တွင် မြေပြင်ပေါ်သွေးများပျံ့နှံ့ကာ မြန်မာအလုပ်သမားမောင်တင်လင်း
အသက်(၂၃)နှစ်သည် လည်ပင်း ၊ရင်အုံ ၊၀မ်းဗိုက်နှင့် ဘယ်ဘက်ခြမ်းနံရိုးကြားတို့၌ ထိုးသွင်းဓားဒဏ်ရာ(၄)ချက်ဖြင့်
သေဆုံးနေကြောင်းသိရသည်။

သေဆုံးသူ မောင်တင်လင်း(၂၃)နှစ်သည် အခင်းဖြစ်ပွားရာအခန်း၌တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး အ၀တ်စားထုတ်လုပ်သည့် စက်ရုံတစ်ခု၌ အလုပ်လုပ်နေသူဖြစ်ကြောင်းနှင့် မသေဆုံးမီအချိန်က အမည်မသိ၎င်း၏သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းဘေး၌အရက်သောက်နေသည်တွေ့ခဲ့ရှိကြောင်းမြင်တွေ့သူတစ်ဦးမှပြောသည်။

ထို့အတူ ဆိုင်ကယ်တက္ကစီဂိတ်မှ ထိုင်းလူမျိုးဆိုင်ကယ်မောင်းသူ Mr.Chuchat Ngam Saard (၅၆)နှစ်၏ ပြောဆိုချက်အရ
၎င်းသည် အသက်(၃၀)အရွယ်ရှိ မြန်မာအလုပ်သမား(၁)ဦးသည် တီရှပ်နှင့်လုံချည်ဝတ်ဆင်ထားပြီး မူးနေသည့်အနေထားဖြင့် ငိုယိုပြီး
စဘိုင်အဆောင်မှ ဘန်ပါ့လာတံတားအနီးရှိ 7ELEVENရှေ့သို့ လိုက်ပို့ခိုင်းသဖြင့်သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့်ထိုသူဝတ်ဆင်ထားသည့် လုံချည်၌သွေးများပေကျံနေသည်ကို တွေ့ရှိကြောင်းနှင့် တရားခံဟုတ်မဟုတ်ကိုတော့ တပ်အပ်မပြောနိုင်ကြောင်း ထွက်ဆိုခဲ့ပါသည်။

အမှုတရားခံအား အမြန်ဆုံးဖော်ထုတ်ဖမ်းစီးနိုင်ရန် အမှုစစ်ရဲအရာရှိများမှ အခင်ဖြစ်ပွားရာအနီးရှိ CCTVများကို အသေးစိတ်စစ်ဆေးပြီး
ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

#အလုပ်သမားဟစ်တိုင်၊ #မှုခင်း #မြန်မာအလုပ်သမား #သတင်း
#လူသက်မှု #ထိုင်းရဲ #အလုပ်သမားရေးရာ
#Labour #Hittai