မလေးရှားသို့ တရားမဝင်, ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများလိုက်ပါလာသည့်ကား ဟိုင်းဝေးလမ်းတွင် မတော်တဆဖြစ်ကာ နေရာတွင် ၃ ဦးသေဆုံး

441

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ တရားမ၀င်သွားရောက် သည့် မြန်မာနိုင်ငံသား ချင်းအမျိုးသား/သမီးများစီးနင်းလိုက် ပါသည့်မော်တော်ယာဉ်တစ်စီးသည် မေလ ၁၉ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က၎င်းတို့၏လူမှုကွန်ယက်တွင်ဖော်ပြခဲ့သည်။

အဆိုပါမော်တော်ယာဉ်သည် ဘာတာဝပ်မြို့ နှင့် အီပို့ မြို့ အကြား မိုင်တိုင်၁၉၀/၅အကြားတွင် ဟိုက်ဝေးလမ်းမဘေးတွင် ကာရံထားသော စတီးပလိပ်ပြားများကို တိုက်မိပြီး တံတားပေါ်မှ အောက်ဖက်လမ်းပေါ်သို့ (၄)ယောက်လွင့်စင်ပြုတ်ကျကာ နေရာတွင်သုံးဦးသေဆုံးကာ ကျန်တစ်ဦးမှာတိုက်ပင်းဆေးရုံးတွင် အတွင်းလူနာအဖြစ် ဆေးကုသမူခံလျက်ရှိသည်။

ကားပေါ်တွင်လိုက်ပါလာသူအများစုမှာ ပလက်ဝ မြို့  ဇွန်းဇံ မြို့ တီးတိန် မြို့  မတူပီမြို့ များတွင်နေထိုင်ကြသူများဖြစ်ကြပြီး ကားပေါ်တွင်ပါလာသူများအနက် နေလင်း အသက်(၂၅)-နှစ် ယောဟန် အသက်(၁၅)-နှစ် မာန်မွန်းတွောင် အသက် (၁၇)-နှစ်ဂိုပ်ပိုမ်ထန်အသက်(၂၅)-တို့ (၄)ဦးမှာအနည်းငယ် သာထိခိုက်မိခဲ့ပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်မလေးရှား ရဲတပ်ဖွဲ့ ကထိန်းသိမ်းထားကာ စစ်ဆေးမူခံယူနေကြောင်းသိရသည်။

စုစုပေါင်းအတွင်းလူနာအဖြစ် ဆေးကုသနေသူများမှာ (၇)ယောက်ရှိပြီး အသက်(၂၂)-နှစ်အရွယ် အမျိုးသမီးတစ်ဦးပါဝင် နေကြောင်းလည်း ဖော်ပြထားမှု့ အရ သိရသည်။

လူနာများမှာခြေလက် နံရိုးများကျိုးပြီး ဝမ်းပိုက်အတွင်းအပြင်းအထန်ထိခိုက်ခံရသဖြင့် သတိမေ့ အသက်ရှူမမှန်ဒဏ်ရာများ အပြင်းအထန်ရရှိထားကာ အတွင်းလူနာအဖြစ်ဆေးကုသခံယူလျက်ရှိကာ စိုးရိမ်ရသောအခြေအနေရှိကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး ဦးစိန်ဦး နှင့် သံရုံးအဖွဲ့ဝင်များ လူမှုကူညီရေးအသင်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Creditး မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)