ခွေးဂေဟာ ပို့ရန် လမ်းဘေးခွေးများကို ရန်ကုန်တွင်ဖမ်းနေစဉ် တိရိစ္ဆာန် ချစ်သူများက လုယူခဲ့၍ လုပ်ငန်းရပ်ဆိုင်းလိုက်ရ

388

ရန်ကုန် ကျောက်တံတားမြို့နယ် အတွင်း ဆောင်ရွက်နေသည့် လမ်းဘေးခွေးများကို ဖမ်းပြီး ခွေးဂေဟာ ပို့သည့် အစီအစဉ်ကို ယနေ့တွင် ရပ်နားလိုက်ရကြောင်း ​ကျောက်​တံတားစည်​ပင်​ဥက္ကဌက ပြောသည်။

တိရိစ္ဆာန် ချစ်သူများက ဖမ်းထားသည့် ခွေးများကို လုယူခဲ့သည့် အတွက်ကြောင့် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ဒုတိယမြို့တော်ဝန် စီမံမှုဖြင့် ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးခွေးများကို လှိုင်မြို့နယ်သို့ ပို့ဆောင်ရန် ယနေ့ စီစဉ်နေစဉ် တိရိစ္ဆာန်ကာကွယ်ရေးမှဟုဆိုကာ လူတစ်စုက ဖမ်းဆီးသူများကို ပြသနာရှာပြီး ခွေးများ လုယူမှုအား ဒုတိယမြို့တော်ဝန်ထံ တင်ပြထားသည်ဟု ​ကျောက်​တံတားစည်​ပင်​ဥက္ကဌက ဆက်လက်ပြောဆိုသည်။