“ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် …”

974

ကလေးက ည ၂ နာရီလောက်မှာ ရုတ်တရက်ထထိုင်ပီးတော့ ကယောင်ကတမ်းတွေပြောနေလို့ဆိုပီး ဆေးရုံရောက်လာတယ် …ရောက်လာတဲ့ချိန်က မနက် ၁၀ နာရီကျော်လောက် …ပျို့အန်နေတယ် … အဖျားရှိတယ်.. မျက်လုံးပြူးပီး တဆတ်ဆတ်နဲ့တုန်ပီး ကယောင်ကတမ်းပြောနေတယ် … သွားရည်တွေလဲကျနေတယ် …

သူတို့ကတော့ အပမှီတာ လိုလို စုန်းကိုင်တာလိုလို ပြောနေကြတယ် …အရင်က ဘာရောဂါမှ မဖြစ်ဖူးသလို ဆေးရုံ ဆေးခန်းတောင်မှ မပြရလောက်အောင် မာ တဲ့ ကလေး …တဲ့ …ကျတော် အားလုံး စမ်းသပ်ကြည့်တော့ စိတ်ထဲ မဟုတ်သေးပါဘူး … ထင်နေတာတစ်ခု သေချာမေးကြည့်အုံးမှဆိုပီး မေးကြည့်တယ် … ” ကလေးက အရင်က ခွေးတို့ကြောင်တို့ ကိုက်ခံရဖူးလားဗျ ?”

“ကိုက်ခံရဖူးတယ်လေ .. ပီးခဲ့တဲ့လက …အိမ်ခွေးပါ … ဘာမှမဖြစ်ဘူး … ခွေးရူး မဟုတ်ဘူး… ” တဲ့ …ေ့ဖြပုံကတော့ ခပ်မာမာ ..

“အဲ့တုန်းက ကာကွယ်ဆေးထိုးလား ?”

“အာ … အိမ်ခွေးပါဆို .. ထိုးစရာလိုလို့လား ..? ပီးတော့ အဲ့တုန်းက မအားဘူး ဘယ်သူမှ ”
ခုနကထက် အသံကမာလာတယ် …

ဒါဆို အဲ့ အိမ်ခွေးကကော ခွေးရူးကာကွယ်ဆေးထိုးထားလား …ဆိုတော့..“မထိုးထားပါဘူး “တဲ့ …ခု အဲ့ခွေးကော ဆိုတော့ .. အဲ့ကိုက်တဲ့နေ့ကတည်းက မောင်းထုတ်လိုက်တာ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး .. တဲ့ …History နဲ့ Examination အရတော့ ကျတော့် Diagnosis ကတော့ Rabies (ခွေးရူးပြန်ရောဂါ) ပါပဲ …

ဒါနဲ့ပဲ သူတို့ကို ရောဂါအကြောင်း သေချာရှင်းပြတယ် … လက်မခံချင်သလိုလို ပုံစံပါပဲ …လိုအပ်တဲ့ထိုးဆေး သောက်ဆေးတွေပေးပီး ဆေးရုံတင်ထားလိုက်တယ် … သေချာလဲ monitoring လုပ်ထားတယ် …

ညနေ ဆေးထိုးပီး နာရီဝက်ကျော်အကြာမှာ ကလေးက ထဖောက်လာတယ်ဆိုပီး စောတဒ တက်ပါလေရော ….. ( အမှန်တော့ ဆေးနဲ့မဆိုင်ပဲ ရောဂါအရ ထဖောက်တာမျိုး )

ချက်ချင်း သွားကြည့်တော့ ကလေးက Gasping ရနေပီ … Resuscitation (သက်ကယ်) လုပ်ပေမယ့် နာရီဝက်ကျော် ကြာတဲ့ထိ ပြန်ကောင်းမလာတော့ပါဘူး …နောက်ဆုံး Expired (ဆုံး) သွားတယ် …အဲ့မှာ စပြသနာ ရှာတော့တာပဲ …

ကလေး အမေက သူ့ကလေးကို သူနာပြုဆရာမတွေက ဆေးထိုးသတ်ပသ်ပါတယ်ဆိုပီး တဆေးရုံလုံး ကြားအောင် ထပ်ခါထပ်ခါ အော်ပီး ငိုပါလေရော …

ခွေးကိုက်တုန်းက ခွေးရူးကာကွယ်ဆေးထိုးဖို့ မအားဘူးဆိုတဲ့သူတွေဆီက လူအယောက် ၂၀ လောက်ရောက်လာတယ် ..တုတ်တွေတောင်ပါတယ် …ကလေးကို ဆေးထိုးသတ်တာ .. ကလေးကို ဆေးထိုးသတ်တာ …အသံတွေ ပဲ့တင်ထပ်နေတယ် …
ဆရာမလေးတွေခမျာ ကြောက်လို့ မျက်ရည်တွေတောင်ကျတယ် …အခန်းထဲ ပြေးဝင်ကြတယ် …ခုနက လူတွေက ကျတော့်ဆီကို ဝိုင်းလာတယ် … ပူလို့ချွေးထွက်တာရော .. ခုနက သူတို့ကလေးကို CPR နာရီဝက်ကျော်လုပ်ပေးထားတာရောနဲ့ လူက ချွေးတွေ ရွှဲနေပီးသား … သူတို့အဲ့လို ဝိုင်းလာတော့ ပိုဆိုး .. ရေချိုးထားသလား မှတ်ရတယ် …ဆေးထိုးတဲ့ ဆရာမကို ထုတ်ပေး … အဲ့ဆရာမ ကျတော်တို့ကလေးကို သတ်တာတဲ့ …

ကျတော်လဲ အတတ်နိုင်ဆုံး ထိန်းပြောတယ် … ဒါက ဆေး နဲ့ မဆိုင်ကြောင်း …ကလေးမှာ ဆေးမတည့်တဲ့ လက္ခဏာတွေ တစ်ခုမှ မရှိကြောင်း…ပီးတော့ အဓိက ဒီဆေးတွေ ထိုးခိုင်းသောက်ခိုင်းတာဟာ ကျတော်ပဲဖြစ်ပီး ဆရာမနဲ့ လုံးဝမဆိုင်ကြောင်း … ကလေးက

ခွေးရူးရောဂါကြောင့်သာ ဒီလိုဖြစ်ရကြောင်း အကြိမ်ကြိမ်ရှင်းပြမှ အနည်းငယ် ငြိမ်သွားတယ် … ဒါတောင် အဲ့ လူုအုပ်ထဲကတောက်တခေါက်ခေါက်အသံတွေ … အဓိပ္ပာယ်ကို မရှိဘူး ဆိုတဲ့ အသံတွေ ကြားနေရတုန်း …နောက်တော့ ရွာက ဘုန်းကြီးတွေပါရောက်လာတယ် … ကံကောင်းတာက ဘုန်းကြီးတွေ ပြသနာ လာရှာတာမဟုတ်ပဲ လာတရားချပေးတာမို့ အခြေအနေ တော်တော်တည်ငြိမ်သွားတယ် …ကလေးရဲ့အမေကတော့ သူ့သမီးကို ဆရာမက ဆေးထိုးသတ်ပါတယ်ဆိုပီး တဖွဖွ …ကျတော်လဲ လုပ်စရာရှိတာတွေဆက်လုပ် … နောက် လူနာတစ်ယောက်(ကိုယ်ဝန် ၅ လ နဲ့ အဆိပ် သောက်

သေတဲ့လူနာ )ကို ထပ်ကြည့်ပေးနေရတာမို့ သူုတို့တွေဘယ်အချိန် ပြန်သွားကြမှန်းတော့ မသိလိုက်ဘူး …စိတ်ထဲမှာတော့တွေးမိတယ် …ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ ပုံပြင် too much knowledge maketh fools ကမှတော်သေးတယ် …a little knowledge ကမှ တကယ့်ကို ကြောက်စရာ ဆိုတာပါပဲ …(အိမ်ခွေးကိုက်ကိုက် ကြောင်ကိုက်ကိုက် ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးကြပါဗျာ )

Credit: Dr.Yan