Dr ပန်ဂျာထွယ် ရဲ့ Dead body မီးသင်္ဂြလ်ပြီး အရိုးပြာကို ဗန်းမော်သို့ပြန်သယ်ယူမည်

1518

RIP ပါ ဆရာမလေး Dr ပန်ဂျာထွယ် ဆရာလထွယ် နဲ့ ဆရာမဒေါ်ကိုင်နန် တို့၏ သမီး Dr ပန်ဂျာထွယ်
Dead body ကို ဖျာပုံ မှ ရေဝေးသို့ သယ်လာပါပြီ။ ယနေ့ ညနေ မီးသင်္ဂြလ်ပြီး အရိုးပြာကို ဗန်းမော်သို့ပြန်သယ်ယူမည်။

မိဘများ ကျန်းမာရေးကြောင့် ရန်ကုန်မလာနိုင်။ ဝိုင်းဝန်းကူညီ ဖေးမကြစေလိုပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ယနေ့ နံနက် ၃ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဆရာဝန် (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်(၁၁)ရက် နံနက်ပိုင်းတွင် ဖျာပုံ-ကျိုက်လတ်ကားလမ်းပေါ်ရှိ ချောင်းတွင်း တံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးကြည့်ရှုရာ ချောင်းတွင်း တံတားအနီး လမ်း၏အနောက်ဘက်ခြမ်း၌ ဖျာပုံမြို့ဘက်သို့ ဦးတည်၍ရပ်တန့်ထားသော ကွန်ကရစ်တိုင်များ တင်ဆောင်ထားသည့် ၁၀ ဘီးယာဉ်အား

၎င်းယာဉ်၏နောက်ဘက်မှ လားရာတူ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်၍ ဆရာဝန်(၆)ဦး လိုက်ပါလာသော အဖြူရောင်ကားသည် နောက်မှဝင်တိုက်မိသဖြင့် ကွန်ကရစ်ဓါတ်မီးတိုင်များ ကားနောက်မှန်ထိ ဖောက်ထွက်သွားရာ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူနှင့် ဒေါက်တာပန်ဂျာထွယ် တို့(၃)ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်။

Credit: Original Uploader