မဟာအမှားများ

543

“နေရောင်ခြည်သည် ကိုဗစ်ပိုးကိုသေစေ၏။” “အရက်သောက်ရင် ကိုဗစ် ပိုးသေတယ် ကွ” “အရက်ဟာပူတယ် ဂျင်းဟာလည်းပူတယ် အရက်မရ ဂျင်းရည်သောက် ကိုဗစ်ပျောက်” “”ဌက်ဖျားဆေးကပို အစွမ်းထက်တာ အရင်ဦးအောင်ဝယ်ထားကြ””အညာတမာ ကိုဗစ်မသာတဲ့…. ဘိုးတော်တစ်ထောင် အဆောင်သိတ်စွမ်းတာ ကိုဗစ်ဖျားသွားမယ်။

စတဲ စတဲ့ အွန်လိုင်း သမားတော် ကြီးများရဲ့  အာဘော်တွေကို အွန်လိုင်းဆိုရှယ်တွေမှာပေါက်လာပြီးလား ဆိုရင် အစိုးရပိုင်း လူကြီးတွေက ကော်ပီကူး တဆင့်ပွားနေ ကြတယ်။လူထုကို ဘာလုပ်ပါ ညာလုပ်ပါကော်ပီအဆိုအမိန့် ပွားကြပါတယ်။

ကိုရိုနာပိုးနဲ့  ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်အမှန် သိတာ ထက် ဆိုရှယ်မှာပေါက်ထွက် နာမည်ကြီးလာတဲ့ အပ်ပုံးနည်းတွေ ဘယဆေးတွေ ပလူပျံ နေတာကို လိုက်လုပ်တော့ ဘာဖြစ်လာလဲ?

နိုင်ငံအများစုမှာ အရက်သောက် ကိုဗစ်ပျောက် ဆေးနည်းကြောင့် အရက်အဆိပ်ဖြစ် သေတဲ့သူတွေ ထပ်တိုးစလာပါတယ်။အရက်မရလို့  အရက်ပျံ သောက်လို့  အဆိပ်ဖြစ်ကုန်တယ်။ တမာခေါက် အဖျားပျောက်ဆေးအဖြစ်အိန္ဒိယ နိုင်ငံမှာ သုံးကြပါတယ်ကိုဗစ်မ၀င်အောင် ကြိုသောက် တာမသေခြာပါ။ လာမယ့် မေလဆိုရင် နေပူမိုးရွာ ခြင်ထွက်လာမယ် သွေးလွန်တုတ်ကွေး ပါ သတိထားရတော့မှာ- သွေးလွန်တုတ်ကွေး ဖြစ်တာကို ကိုဗစ်ကိုက်ပြီလို့ ထင်ပြီးလန့် သေတဲ့သူတွေ ပေါ်လာပါလိမ့်အုံးမယ်။

ဂျင်းရည်ဆိုတာလည်း ပိုးအန္တရယ်ကနေ ပေါ့လာနိုး စိတ်ဖြေရာထွက်ပေါက် ပါ တကယ်တမ်း ကိုဗစ်ပိုးတွေ ရယ်မောကြလိမ့်မယ်။ ကိုဗစ်ကို ဘယ်ဝိညာဉ်ဆရာ ဘယ်နတ်ကတော် ဘယ်ဘိုးတော် ဘယ်ဘုရားမှာ မကုစားနိုင်ပါ၊ ပိုးကူးစက်သူတိုင်းမသေနိုင်ပါ – မိမိကိုယ်တွင်း ခုခံအားစနစ် အားကောင်းတဲ့သူတွေဆိုရှင် ရေများများသောက်- အိပ်ရေးဝအောင်အိပ်…ပါရာစီတမော့နဲ့ တောင်ပျောက်သွားတတ်ပါတယ်။

ရောဂါပိုး ကူးစက်သူ သေဆုံးသူတွေရဲ့  အများစုဟာကြိုတင်ကာကွယ်ခြင်းမလုပ် ပေါ့ဆမှု နဲ့  မိမိမှာ ရောဂါရှိနေတာကို သတိမထား ဂရုမစိုက်ကြသူတွေဖြစ်ပါတယ်။

နေရောင်ခြည်သည် ကိုဗစ် -၁၉ ရောဂါပိုးကိုသတ်နိုင်ပါသည်လို့  အမေရိကန် သမ္မတရဲ့  အကြံပြုချက်ဟာ သူ့ ဆန္ဒအတိုင်း မြို့ တွေမှာကြေငြာထားတဲ့ အရေးပေါ်အခြေအနေတွေကို လျှော့ ပြီး လူတွေကို လမ်းမပေါ်ပြန်ထွက်လာအောင် ကြောင်းပေးတဲ့ တွန်းပို့  မိန့် ခွန်းလို့  အတိုက်အခံနိုင်ငံရေးသမားတွေက ဝေဖန်နေသလို … ဆေးလောက ပညာရှင်တွေကလည်း ကိုရိုနာရောဂါဟာ လူ့ ကိုယ်ပေါ် ဦးရေပြားပေါ်မှာ ကူးစက်နေတဲ့ရောဂါမဟုတ်လို့  အမေရိကန်မှာ ဖြန်းမျှ နေပူချိန် ၂၅ ဒီကရီ စင်တီဂရိတ်ဟာယားနား လောက်သာ ပျောက်ကင်းနိုင်လိမ့်မယ်လို့ လည်း ဆိုနေကြပါတယ်။

အမေရိကန်ဟာ လောက နတ်ပြည် အရာရာပြည့်စုံတယ် ခေတ်မှီတိုးတက်တယ်လို့  အားလုံးကအထင်ကြီးနေကြတာ.. ခု ကိုဗစ်- ၁၉ ပိုး တိုက်ဖျက်ကာကွယ်ရေးမှာ အလွဲအမှားတွေ ကြိုတင်ပြင်ဆင်မှု မထားတာတွေက အရမ်းသိသာ ထင်ရှားပါတယ်။

ခုလောက် အလောင်းတွေထပ် သေနေကြတာ ကို တောင် အစိုးရက စီးပွားရေးပြန်ဖွင့်ပြီး ပုံမှန် အတိုင်းသွားလာနေထိုင်ဘို့  ပြင်နေတာဟာ အမေရိကန်ဟာ နောက်ထပ် မဟာအမှားကြီး ကျူးလွန့် ဘို့  ခြေလှမ်းပြင်နေတာလား။

SAW