သူငယ်ချင်းဖြစ်သူ ထွန်းထွန်းရဲ့ သီချင်းလေးနဲ့ TIK TOK ဆော့ထားတဲ့ ချောရတနာရဲ့ ဗီဒီယို

301

မင်းသမီးချောလေး ချောရတနာကတော့ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။

ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိကို အားပေးစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ ချောရတနာကလည်း သူမပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုလေးတွေကို အားတဲ့အချိန်တိုင်း မျှဝေလေ့ရှိပါတယ်။


ဒီနေ့မှာလည်း ချောရတနာက သူနဲ့ သက်တူရွယ်တူ သူငယ်ချင်း ထွန်းထွန်းရဲ့ “စိတ်ကူးလေးရွက်လွှင့်မယ်” သီချင်းနဲ့ Tik Tok ဗီဒီယိုလေးကို ရိုက်ကူးထားပါတယ်။ ပရိသတ်တွေအတွက် ချောရတနာရဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ချောရတနာကတော့ အခုချိန်ထိကို ငယ်ငယ်ကအတိုင်း လှပနုပျိုနေဆဲ ဖြစ်ပါတယ်။

Source: Chaw Yadanar’s fb
Bilie – Cele Connections