လက်ထပ်ပြီးတာကို မသိကြသေးတဲ့ ပရိသတ်တွေကြောင့် အထင်လွဲခံလိုက်ရတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

339

အဆိုတော် နေဝင်းနဲ့ ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောတို့အတွဲက ချစ်သူတွေအဖြစ် (၁၀)နှစ်ကျော်တိုင် လက်တွဲလာခဲ့ပြီး အခုဆိုရင် နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။

ဧပြီ (၂၅) ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတဲ့ နေဝင်းတို့ အတွဲလေးက ကပ်ရောဂါအခြေအနေကြောင့် လက်ထပ်ပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး နေအိမ်မှာပဲ လက်မှတ်ထိုး အကျဉ်းရုံး လက်ထပ်ထားခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲမကျင်းပရသေးပေမယ့် တရားဝင်လက်မှတ်ထိုး လက်ထပ်ပြီးပြီဖြစ်တဲ့ နေဝင်းတို့စုံတွဲက ကုတင်ပေါ်မှာ အတူတူရှိနေတဲ့ မြင်ကွင်းကြောင့် တချို့မသိသေးတဲ့ ပရိသတ်တွေအတွက် အထင်အမြင်လွဲစေခဲ့ပါတယ်။ ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး နေဝင်းရဲ့ ဇနီး အိမ့်ချစ်ချောက “တူတူအိပ်ကြတာလားတဲ့ 😂အေး ခဏလှဲနေတာ ကိုယ့်အိမ်ကိုယ်ပြန်အိပ်တာပါ 🤣🤣🤣” ဆိုပြီး နေဝင်းရဲ့ ပရိသတ်တွေကို ချစ်စနိုးလေး စနောက်ထားပါတယ်။

နေဝင်းတို့ ဇနီးမောင်နှံက နှစ်ဖက်သောမိဘဆွေမျိုးတွေအရှေ့မှာ တရားဝင်လက်ထပ်ပြီးပြီဖြစ်လို့ အခုဆိုရင် တစ်အိမ်တည်းနေပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် သက်ဆုံးတိုင် အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Eainy Chit Chaw’s fb
Bilie – Cele Connections