(၁၁) နှစ်အရွယ် (ကျား) ကလေးငယ်တစ်ဦး သဲပုံအတွင်းသေဆုံးလျှက်တွေ့ရှိ

311

စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်နောင်ခမ်းအုပ်စု၊နောင်ခမ်းကျေးရွာတွင် ကလေးငယ်တစ်ဦးသဲပုံအတွင်း သေဆုံးလျှက်တွေ့ရှိရသည်ဟုသိရသည် ။

ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ ၇ နာရီ‌ကျော် အချိန်ခန့် ကအသက်(၁၁)အရွယ်ရှိ မောင် ……….. ကလးငယ်တစ်ဦးဟာနောင်ခမ်း‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး လမ်းခင်းရာတွင်း အသုံးပြုရန် စုပုံထားသော သဲပုံဟောင်းအတွင်း ကလေးငယ်အ‌လောင်းအားတွေ့ရှိရသဖြင့် သက်သေများဖြင့်စစ်ဆေးကြရာ အသက် (၁၁) နှစ် အရွယ်ရှိနောင်ခမ်းကျေးရွာမှ (ကျား) ကလေးငယ် တစ်ဦးဖြစ်သည် ။

အဆိုပါကလေးငယ်သည် (၁၂) ရက်နေ့ နေ့လည်ကတည်းကနေအိမ်မှ ထွက်သွားပြီး ပြန်ရောက်မလာသောကြောင့် မိဘများမှာ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိရပဲမေလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါသဲပုံအတွင်းသေဆုံးလျှက်တွေ့ရှိရသည်ဟုသိရသည် ။

ယင်းကလေးငယ်သည်ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်နမ့်တောတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပြီး သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၂၀ ဖြင့်ရေးဖွင့်ကာ မိုင်းကိုင်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် သိန်းထိုက်မှ အမှုအားစစ်ဆေးပြီး ရဲတပ်ကြပ်ရဲမျိုးကို ဝေဖလာရဲကင်းမှတရားလိုပြုလုပ်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည် ။

(ကျော်စိုး(နမ့်တော)ပေးပို့သည်)