မေလ (12) ရက်မှ (18) ရက်နေ့ အထိ တစ်ပါတ်စာ အခမဲ့ ဟောစာတမ်း

338

တနင်္ဂနွေ

ကြိုးစားရင် ကြိုးစားသလောက် ခရီးရောက် ပါလိမ့်မည် ပြုံးရွှင်လိုက်လျောစွာ ဆက်ဆံတတ်ခြင်း၊ ဝီရိယရှိခြင်း၊ ဉာဏ်ပညာကိုလွှာ၍ သုံးတတ်ခြင်းတို့ကြောင့် တိုးတတ်ကြီးပွားကိန်းမြင်သည် ဈေးကွက်ယန္တရားသစ်များစွာကို ထိန်းချုပ်နိုင်စွမ်းမြင့်မားမည်။

အမျိုးမျိုးသောပြဿနာပုစ္ဆာများက သင့်ကိုဉာဏ် စမ်းလာပါ လိမ့်မည် ပြဿနာတိုင်း၏အကြောင်းအရင်းကို စိစစ်သုံးသပ် အဖြေရှာနိုင်လျှင် အောင်မြင်မှုရရှိမည် စီးပွားရေးလုပ်ငန်းကိစ္စရပ်တိုင်းကို သေသေချာချာသုံးသပ်သင့် သည်။

သင့်ဘဝတိုးတတ်မှုအတွက် မည်သူ့ကိုမျှ အားကိုး၍မရနိုင်ပါ သင့်ကိုယ် သင်အားကိုးမှသာ အောင်မြင်ကြွယ် ဝခွင့်ရမည် ကံထက်၊ ဉာဏ်ကိုအားကိုးပါ အလွန်တန်ဖိုးကြီးသောအချိန်နှင့် ငွေကိုမဖြုန်းသင့်ပါ။ သူ

တစ်ပါးကိစ္စ များကို ကြားမှတာဝန်ယူခြင်း၊ အာမခံခြင်း မျိုးကို အထူးရှောင်ကြဉ်ပါ အောင်မြင်မှုများက လက်တစ်ကမ်းအလိုမှာရောက်နေပါပြီ။ အပျင်းမဖက်ကြိုးစားပါ ကျန်းမာရေးကောင်းသော်လည်း ရေချိုးဆင်ခြင်ပါ။

ချစ်သူသစ်ရလွယ်သည်။ ချစ်သူရှိပြီးသူများ လှေနံနှစ်ဖက်နင်းချင်နေတတ် ပါတယ် အိမ်ထောင်ရေးကိုတော့ အနည်းငယ်စကားပြောဆင်ခြင်ဖို့ မှာချင်ပါတယ် ပညာရေးမှာတော့ စာထက် အပျော်အပါးကိုပိုမိုစိတ်ဝင်စားနေတတ်ပါတယ်။

၁/၉/၇ အကျိုးပေးမညာ စန်းပွင့်နေမည် ငါးကြော် ဘုရားကပ်လှူလိုက်ပါ

တနင်္လာ

လုပ်ငန်းတူပြိုင်ဘက်တို့၏ အကွက်ချထိုးနှက်မှုကို ခံရတတ်ကြောင်းသတိထားသင့် ပါတယ် ရောဂါဘယ နည်းပါး နေတတ်ချိန်ပါ ဒါပေမယ့် စိတ်ဓါတ်ကျလွယ်၊ စိတ်ထိခိုက်ချိန်ပါ။

စိတ်အာရုံရှုတ်ထွေးခြင်း၊ ဒွိဟသံသ ယများခြင်းများ ကြုံတွေ့ရတတ် ပါတယ် ထို့ကြောင့် သွက် လက်၍ ထက်မြက် အောင် လေ့ကျင့်နေထိုင်သင့် ပါတယ် မေတ္တာစိတ်ထားပြီး မိမိကိုယ်မိမိယုံကြည်စိတ်မွေးမြူကြည့်ပါ။

အားသွန် ခွန်စိုက် တတ်ကြွစွာလုပ်ကိုင် ဆောင်ရွက်မှုများကြောင့် အောင်မြင်ခြင်း ဆိုင်းဘုတ်ချိတ်ဆွဲခွင့်ရမည် လုပ်ငန်းကိစ္စ ရပ်တိုင်း ကို စိတ်ရှည်ရှည်ထား လျှက်ဆောင်ရွက်ရပါလိမ့်မည်။

မမျှော်လင့်ထားသောအံ့ဩစရာ၊ ဝမ်းသာစရာမင်္ဂလာသတင်းစကားများ ကြားသိရ တတ် သည် သင့်ကိုအရေးမပါသူတစ်ဦးအဖြစ် ဥပေက္ခာပြုထားသောသူ အချို့ကို ကလဲ့စားခြေခွင့်ရလိမ့်မည်။

လုပ်ငန်းကိစ္စ ရပ်အသေးအမွှားအချို့ကို ပုံကြီးချဲ့၍ လုပ်ကိုင်ဆောင်ရွက်နေတတ်သည် အလွဲလွဲအချော်ချော်လုပ် ဆောင်နေတတ် ချိန်ဖြစ်၍ စီးပွားဥစ္စာတိုးတတ်မှုနှုန်းယာယီကျဆင်းနေလိမ့်မည်။

အချစ်ရေးကံကောင်းမည် အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့အားပေးမှုကိုရပါလိမ့်မယ် ပညာရေးအတွက်တော့ စိုးရိမ်ပူပန်စရာတွေ များနေတတ်ပါတယ်။

၁/၃/၉ အကျိုးပေးမည် ကံအနည်းငယ်ညံ့နေမည် ကြက်ဥကြော်ပြီး ဘုရားရှင်ကိုကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလမှာ ချီတုံချတုံကိစ္စရပ်များ မကြာခဏ ကြုံတွေ့ရပါလိမ့်မည် နေ့စဉ် သတိနှင့်ယှဉ်၍ ကောင်းသော စကားကိုပြောဆိုခြင်းဖြင့် အစစအရာရာ အဆင်ပြေ သွားပါလိမ့်မည်။

ကျန်းမာရေးကောင်းမွန်စေရန် အဆီ၊ အဆိမ့် များသော အစားအစာများကို ရှောင်ပါ အစားအသောက်ဆင်ခြင်ပါက ရောဂါဘယကင်းရှင်း သွားလိမ့်မည် အလုပ် ကိစ္စ အဝဝကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပြီးမှ အနားယူပါ။

စူးစမ်းဆင်ခြင်ဉာဏ်နှင့် လုံ့လဝီရိယ ရှိရှိတရား သဖြင့် အသက်မွေးခြင်းဖြစ်လျှင် မုချအောင်မြင် လိမ့်မည် တစ်ခါတစ်ရံ အများနှင့်ဆန့်ကျင်သောအပြုအမူကြောင့် ခင်မင်ရိုင်ပင်းသူအချို့နှင့် စကားပြောအဆင်မချောမှုများ ကြုံရတတ်၏။

လျှို့ဝှက်ဆန်းကြယ်မှုကို စိတ်ဝင်စားနေ လိမ့်မည် စီးပွားရေးလုပ်ငန်းကိစ္စရပ်များတွင် ဉာဏ်လည်းရှိ၊ ဝီရိယ လည်း ကူသော ကြီးပွားချမ်းသာမှုရှိမည့် ကာလ တစ်ခုဖြစ်သည်။

လုပ်ငန်းတူ၊ ရည်ရွယ်ချက်တူသူတို့၏ နှောက်ယှက်မှုကို အနည်းငယ်ခံရတတ်သော်လည်း အနိုင်ယူ အောင်မြင်ပါလိမ့်မည် အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က သံယောဇဉ်လျော့နည်းနေတတ်ပါတယ်။

အိမ်ထောင် ရေးမှာ အနေဝေးတတ်ပါတယ် အနေမဝေးရင်စိတ်ချင်းဝေးနေ တတ်ပါတယ် ပညာအသစ်တစ်ခုစသင် လို့ကောင်း တဲ့ ကာလထဲရောက်နေပါတယ်။

၂/၃/၈ အကျိုးပေးမည် တွေဝေဒွိဟတွေဖြစ်နေတတ်ပါတယ် လက်ဖက်ရည် နဲ့ လမုန့်ဘုရားကပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

လက်တလောအခြေအနေမှ ပိုမိုအောင်မြင်စေရန်အတွက် အကြံပေးသူ၊ လမ်းညွှန်သူ၊ ကူညီ သူများနှင့် တွေ့ရလိမ့်မည် အများကလိုလားစွာ ယုံကြည်အားကိုး လေးစား ကြည်ညိုမှုခံရမည်။

လုပ်ငန်းသစ်၊ အကြံသစ်နှင့်အကျိုးပေးတတ်သည် အခွင့်အရေးကောင်းများသည် အပြိုင် အဆိုင်များကြားမှ တည်ရှိနေမည် စိတ်ထားကောင်းပြီး အပြုသဘောဆောင်မှုများကြောင့် လူချစ်၊ လူခင်ပေါမည်။

အောင်မြင်မှုများစွာ ကသင့်ကို စောင့်ကြိုနေတတ်ချိန်ပါ ဉာဏ်ကွန့်ခြယ်ထားသော အတွေးသစ်၊ စိတ်ကူးဆန်းများကြောင့် ထူးခြားသော အောင် မြင်မှုများ ရရှိလိမ့်မည်။

ဟန်တစ်လုံး၊ ပန်တစ်လုံးဖြင့်မနေသော်လည်း လူအများ၏အထင်ကြီးလေးစားမှုကို ရရှိ တတ်ပါ သည် တည်ငြိမ်အေးဆေး၍ ချမ်းမြေ့ခြင်းကို အလိုရှိသောကာလတစ်ခုဖြစ်၏။

လုပ်ငန်းဆောင်တာ တိုးတတ်မှုကို ပြသောကာလဖြစ်၍ မည်သည့်ပြဿနာ အခက်အခဲကိုမျှ ကြောက်စရာမလိုပါ ငွေကြေးဥစ္စာပစ္စည်း များ မထင်မှတ်ထားသောနေရာများမှ ရရှိမည်။

ကျန်းမာရေး အထူးဂရုပြုပါ ဆေးမြီးတိုများနှင့် မကုသပါနှင့်။အချစ် ရေးကတော့ အားနည်း ပါတယ် စိတ်ကောက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရတတ်တယ် အိမ်ထောင်ရေးသာယာ ပါလိမ့်မယ် ပညာရေးမှာ စူးစမ်းမှုကြောင့် ပညာတိုးပါတယ်။

၃/၆/၄ အကျိုးပေးမည် အလုပ်တွေတိုးတတ်ပါလိမ့်မယ် ဖရဲသီးစိပ် ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ငွေကြေးကိစ္စစေတနာထား၍ ချေးငှားမှုမပြုသင့်ပါ မိတ်ဆွေအသိုင်းအဝိုင်းသစ်များ ရရှိ တတ်ချိန်ပါ အတွေးစိတ်ကူးလှပမှုကို လက်တွေ့ကျကျလုပ်ကိုင်ဆောင်ရွက်၍ ဘဝအောင်မြင်မှုရမည်။

စီးပွားရေး လုပ်ငန်းကိစ္စရပ်တိုင်းကို တိကျပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရမည် အနုပညာလုပ်ငန်း၊ စာပေ၊ ဂီတ လုပ်ငန်းများနှင့် အထူးအကျိုးပေးကောင်းချိန်ပါ။

ခရီးသွားလိုသောဆန္ဒမျိုး ဖြစ်ပြီး မကြာခဏခရီးသွားရတတ် သည် စီးပွားဥစ္စာတစ်ရိပ်ရိပ်တိုးတတ်စေမည့် ကံလာဘ်ပွင့်လန်းကောင်းမွန်ချိန်ဖြစ်ပါတယ် စိတ်ထားကောင်းမွန် ဖြူစင်ပြီး ရိုးသားစွာကြိုးစားမှုများအတွက် စီးပွားဥစ္စာကြီးပွားတိုးတတ်မည်။

စီးပွားရေးဆိုင်ရာပြိုင်ဆိုင်မှု စိန်ခေါ် မှုများစွာနှင့် တွေ့ကြုံရင်ဆိုင်ရတတ်၏ အပြိုင်အဆိုင်အခက်အခဲတိုင်းကို ရှောင်ပြေးမသွားဖို့လိုပါလိမ့် မည် လူအများလက်ခံနိုင်သည့် ဆန်းသစ်တီထွင်မှုတစ်ခုကြောင့် ထင်ရှားကျော်ကြားလူသိများမည်။

ပညာရေးတွင် စီးပွားရေးပညာရမည် ကြီးမားကျယ်ပြန့် သည့် ဈေးကွက်သစ်များ လေ့လာခွင့်ရမည်ကျန်းမာရေးကောင်းစေရန် အချို လျှော့စားပါ အချစ်ရေး အဆင်ပြေစိတ်ချမ်းသာရမည် အိမ်ထောင်ရေးအထူးညံ့နေတာမျိုး မတွေ့ ရသေးပါဘူး။

၎/၅/၉ အကျိုးပေးမည် ငွေကြေးအရှုပ်အရှင်းတွေ မလုပ်ပါနဲ့ သပြေပန်း ဘုရားကပ်လှူလိုက်ပါ။

သောကြာ

လုပ်ငန်းအကြံအစည်သစ်ပေါ်လျှင် ရဲရဲသာလုပ်ပါ လုပ်ငန်း ကိစ္စအဝဝ အဆင်ပြေလိမ့်မည် အမွေရကိန်း၊ ထီပေါက်ကိန်း၊ ရာထူးတိုးကိန်းမြင်၏ စီးပွားရေးလုပ်ငန်းကိစ္စအဝဝကို သူတစ်ပါးကိုယုံကြည်စွာ မျက်နှာလွဲ၍မရနိုင်ပါ။

လုပ်ငန်းဆိုင်ရာအပြောင်းအရွှေ့ကိစ္စ၊ တိုးချဲ့မှုကိစ္စ၊ တီထွင်ဆန်းသစ်မှုကိစ္စရပ်များ ကြုံမည်။ မလုပ်ချင် သောလုပ်ငန်းများကို လုပ်ဆောင်ရခြင်း၊ တာဝန်ပိုများ၊ အလုပ်ပိုများကို လုပ်ဆောင်ရခြင်းမျိုးဖြစ်သည်။

နားမလည် သောလုပ်ငန်း၊ မကျွမ်းကျင်သောလုပ်ငန်းမျိုးကိုလည်း လုပ်ဆောင်ရတတ် သည် ထက်မြက်သော ဉာဏ်နှင့် ကြိုးစားရကျိုးနပ်အောင် လုပ်ဆောင်သင့်ပါတယ် ပိရိသေသပ်သောဇွဲနှင့်ထာဝစဉ်ကြိုးစားနေရတတ် သည်။

ဉာဏ်လည်းရှိ၊ ဝီရိယလည်းထက်သန်၍ ထူးထူးခြားခြားအောင်မြင်မည်။ စိတ်တိုပြီးတစ်ဇွတ် ထိုးလုပ်မှုကို လျှော့ပါ ဆန္ဒစော၍ ဇွတ်ပြောဆိုလုပ်ကိုင်လျှင် ပဋိပက္ခပိုကြီးမားလာနိုင်၍ အရာရာကိုအလိမ္မာသုံး၍ ရှောင်ပါ။

မိမိလိုချင် သောစီးပွားရေးအနေအထားသို့ ရောက်ရှိရန် စိတ်လိုက်မာန်ပါမလုပ်သင့်ပါ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ ရောဂါဝေဒနာများ အထူးသတိထားပါ အချစ်ရေးကံအထူးကောင်းပါတယ်။

အိမ်ထောင်ဘက်ရဲ့ အပြစ်တင် ဝေဖန်မှုကြောင့် စိတ်ညစ်ရတတ်ပါတယ် ပညာရေးနဲ့ ဝေးနေတတ်တဲ့ ကာလတစ်ခုပါပဲ။ ဝ/၅/၆ အကျိုးပေးမည် ကျန်းမာရေးဂရုစိုက်ပေးပါ နွားနို့ပူပူလေးတစ်ခွက် ဘုရားကပ်လှူပေးပါ။

စနေ

အလုပ်စီးပွားရေးဆိုင်ရာအောင်မြင်မှုရေစီးမှာမျောပါခွင့်ရမည် မျှော်လင့်ချက်ပြည့်ဝစွာအောင်မြင် တတ်သည် အောင်မြင်မှုကို ရင်းနှီးထားသူတို့က အသိအမှတ်ပြု ချီးကျူး ကြမည်။

လုပ်ငန်းသစ်၊ အကြံအစည် သစ်ကို လုပ်ဆောင်ကြည့်ရုံမက မူလလုပ်ငန်းကိုလည်း ဇောက်ချလုပ်ကိုင် ဆောင်ရွက်သင့်သည် လုပ်ငန်းတူပြိုင် ဘက်အချို့ နှင့် အပြန်အလှန် အကျိုးရှိစေမည့် လုပ်ငန်းကိစ္စများ ထူးထူးဆန်းဆန်းဆောင်ရွက်ရမည်။

ကိုယ်ပိုင် ဉာဏ်နှင့် ထူးချွန်အောင်ဆောင်ရွက် နေတတ်ချိန်ဖြစ်ပါသည် ကိုယ့်ထူး၊ ကိုယ်ချွန် ဆောင်ရွက်မှုများကြောင့် အောင်မြင် မှုရမည် ကူညီသူ၊ လမ်းညွှန် သူရှိသော်လည်း သူတစ်ပါးကိုအားကိုးလိုစိတ်မရှိပါ။

အတွေးအခေါ်၊ အယူအဆ လှပစွာ ပြောင်းလဲတတ်သည်။ အတွေးသစ်၊ အမြင်သစ်များ ရရှိမည် ဘဝကန္တာရခရီးကြမ်းကို အထီးကျန်လျှောက်လှမ်းနေရခြင်းကနေ အိုအေစစ်ကိုရရှိချိန်ပါ။

စိုးရိမ်ပူပင်သောက ပြဿနာများစွာက သင့်ကို စိန်ခေါ်နေပေမယ့်သင်ကျော်လွှားနိုင်လိမ့်မည် ကျန်းမာ ရေး သင့်သော်လည်း အစားအသောက်အနေအထိုင် ဂရု စိုက်ပါ။

အမျိုးသမီးရောဂါများ သတိရှိပါ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေပေမယ့် ဆုံချိန်နည်း ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးကံ အထူးကောင်းမွန်နေချိန်ပါပဲ။

၁/ဝ/၆ အကျိုးပေးမည် ကံမြင့်နေပါတယ် စပ်သော၊ပူသော အစားအသောက်တစ်မျိုးမျိုး ဘုရား ကပ်လှူပါ ။ ၇ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝပါစေ ….

khitalin