COVID-19 Case နံပါတ် (၁၉၀) အားတောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ခြင်း သတင်းဖြစ်စဉ်အမှန်

489

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် သက္ကယ်ကျွန်းမှ covid 19 case အမှတ် ၁၉၀ ၏ ခေါ်ဆောင်ရေးတွင် အဆိုပါလူနာ ရောက်ရှိနေထိုင်ရာ ကျွန်းသည် ကားလမ်းမပေါက် ရေလမ်းခရီး ဖြစ်ပါသည်။

ကုန်းလမ်းရောက်ရင်လည်း ခြေကျင်လျှောက် တံတားတွေဖြတ် ရွာတွေဖြတ်လျှောက်ရမည် ဖြစ်သဖြင့် အများပြည်သူ မထိခိုက်အောင် ပတ်ဝန်းကျင် အနှောက်အယှက် မဖြစ်ရအောင် ထိုသူကို PPE ဝတ်စုံဝတ်ဆင်စေပြီး စက်လှေတစ်စီးဖြင့်

တင်ဆောင်ကာ အခြားစက်လှေတစ်စီးဖြင့် ဆွဲခေါ်၍ ကားလမ်းခရီးပေါက်သည့် ရွာမသို့ အရောက်တွင် ကမ်းကပ်၍ အသင့်စောင့်ဆိုင်းနေသောလူနာတင်ယာဉ် (ambulance) ဖြင့် တောင်ကုတ်မြို့သို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း လူနာအမှတ် ၁၉၀ အား သွားရောက်ခေါ်ဆောင်ရာတွင် ကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ခဲ့သည် ရဲဝန်ထမ်း ကိုထိုက်လေးက ပြောပါတယ်

Photo- Ko Htike Lay
Lin Myat Phyo