အမေရိကန်အရှေ့မြောက်ပိုင်း မိချီဂန်ကောင်တီ Midlands တွင် မိုးများပြီး ရေကာတာ ၂ ခုကျိုးကျ

232

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း မီချီဂန် Midlands ကောင်တီဒေသတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကာတာ (၂) ခု ကျိုးပေါက်ခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာသတိပေးချက်ကို အရေးပေါ်ကြေငြာခဲ့ရကြောင်းနှင့်ထိုဒေသရှိပြည်သူများကိုဘေးလွတ်ရာသို့ ကယ်ဆယ်ရေးလုပ်ငန်းများကိုချက်ချင်းအရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာကညွှန်ကြားခဲ့တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာဖော်ပြခဲ့ပါတယ် ။


“Edenville နဲ့ Sanford ရေကာတာတွေကျိုးပဲ့ပြီး Adenville နဲ့ Sanford မှာနေထိုင်ကြတဲ့ပြည်သူတွေကို မေလ ၁၉ ရက်နေ့ကတည်းက ချက်ချင်းရွှေ့ပြောင်းခိုင်းကြတယ်လို့ဆိုပါတယ် ။

မီချီဂန်၏အုပ်ချုပ်ရေးမှူး Gretchen Whitmer သည် မေလ ၁၉ ရက်နေ့က Midlands ဒေသ၌ရေကာတာစီမံကိန်းနှစ်ခုစလုံးရဲ့အနီးပတ်ဝန်းကျင်မှဒေသခံများ ရေလွှမ်းမိုးမှုကြီးကိုကြီးမားစွာဖြစ်ပေါ်စေလိမ့်မည်ဟု အရေးပေါ်ကြေငြာချက်ကိုထုတ်ပြန်ခဲ့ပါတယ် ။

လွန်ခဲ့သော ၂-၃ ရက်အတွင်းမီချီဂန်ပြည်နယ်တွင် မုန်တိုင်းသည် ဖြည်းဖြည်းချင်းရွေ့လျားနေခဲ့ပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဒေသအများအပြားတွင်ရေကြီးမှုအန္တရာယ်ကိုအာဏာပိုင်များကရေကာတာဆည်နှစ်ခုပျက်ဆီးမည်ကိုစိုးရိမ်သောကြောင့်ကြိုတင်သတိပေးချက်တွေထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

Tittabaja နှင့် Tittababawassee မြစ်တို့နှင့်အလှမ်းဝေးသောကုန်းမြင့်ဒေသများနှင့်ဝေးကွာသောနေရာများတွင် နေထိုင်ရန်ဒေသခံများကိုအကြံပေးခဲ့ကြပြီး ယူနိုက်တက်စတိတ်မိုးလေဝသဌာန (NWS) မှအစီရင်ခံတင်ပြသည်မှာ Midlands ရှိ Tittabaja မြစ် ပြီးတော့ရိုင်ဖယ်မြစ်အနီးအနား Sterling မြို့ ရေကြီးမှုအများဆုံးထိခိုက်လွယ်နိုင်ပြီးဆည်၏အောက်ပိုင်းရပ်ကွက်နှစ်ခုတွင်ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံနိုင်သည်ဟု NWS မှသတိပေးခဲ့သည်။

SiThuMaung