သားမက်နှင့် ယောက္ခမ စကားများရာမှ သမီး ကြိုးဆွဲချသေ

622

၂၀၂၀/မေ/၂၁ ရက် ၂၁း၃၀ ချိန် တွင် ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် ၊ဗန္ဓုလလမ်းတွင် အမျိုးသမီးတဦး ကြိုးဆွဲချ သေဆုံးနေကြောင်းသတင်းအရ မြို့မရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်မျိုးဝင်း ၊နယ်ထိန်းရဲတပ်ကြပ်ထွန်းနေလင်း ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်အေး တို့နှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မအိသဇင်အောင်(၁၈)နှစ်၊(ဘ)ဦးထွန်းနိုင် ဖြစ်ပြီး

နေအိမ်အပေါ်ထပ် ၈ ပေ အမြင့် ထုတ်တန်းတွင် တမတ်လုံး ၄၂ ပေ အဝါရောင် ပီနန်ကြိုးဖြင့်ချည်နှောင် ၊ကြိုးဆွဲချလျှက် ခြေထောက်နှင့် ကြမ်းပြင် ၆ လက်မ အကွာအဝေး ၊ လျှာတစ်လစ်ထွက်၊ လက်ချောင်း များကောက်ကွေး ၊ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကိုတွေ့ရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် မှုခင်းဆေးစာဖြင့် ပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ခဲ့သည် ။

ဖြစ်စဉ်မှာ မအိသဇင်အောင်၏ ယောကျာ်း စိုပြေသည် သူမ၏မိခင် ဒေါ်လဲ့လဲ့ နှင့်စကားများပြီး စိုပြေ၏မိဘများဖြစ်သော ဦးမြတ်သိန်း၊ ဒေါ်မဲတူ တို့ အိမိသို့ပြန်သွားကြောင်း၊ မအိသဇင်အောင် သည် ယောက္ခများ နေအိမ်သို့လိုက်သွားပြီး တဦးတည်းပြန်လာကြောင်း၊ ၎င်းနောက် အိမ်ပေါ်ထပ်သို့တက်သွားပြီး ခဏအကြာတွင် ဒုံးကနဲ မည်သံကြား၍ အပေါ်ထပ်သို့တက်ကြည့်ရာ ကြိုးဆွဲချသေဆုံး နေကြောင်း တွေ့ရှိရသည်ဟု သတင်းရရှိပါသည်၊

SH-MediaKawthaungbranch