ဒီပြဲမွာ သမၼတႀကီးရံႈးရင္ အကုန္ရံႈးၿပီ

2299

Zawgyi Version

မေန႔က တရားခံေက်ာ္ေဇာဟန္ရဲ႕ ေရွ႕ေန ဦးခ်စ္ကိုကို ဆိုတဲ့သူေျပာသြားတာ အားလံုးၾကားၾကမွာပါ

သူစြပ္စြဲသလို ျပည္သူေတြက ဥပေဒကို နားမလည္ပဲနဲ႔ လိုင္းေပၚကေန ဖြေနၾကလို႔ သမၼတထိ ေရာက္သြားၿပီး ခုလိုျပန္စစ္ေတာ့မယ္ဆိုတာ ဥပေဒကို လက္တစ္လံုးျခား လုပ္သြားတဲ့ ဥပေဒဘက္ေတာ္သားေတြက ျပည္သူတစ္ရပ္လံုးကို ေစာ္ကားလိုက္တာပါပဲ

ျပည္သူက ဥပေဒကို နားလည္လြန္းလို႔ကို ခက္ေနတာနားလည္တာမွ တရားဥပေဒလား မတရားတဲ့ ဥပေဒလားဆိုတာကို ကေလးေမးေတာင္ ေျဖျပပါလိမ့္မယ္

ခုကိစၥမွာ ျပည္သူတစ္ရပ္လံုး အံုးအံုးၾကြတ္ၾကြတ္ ပြက္ေလာရိုက္ေနၾကရတယ္ဆိုတာကလည္းသူ႕ရဲ႕ တရားခံ ေက်ာ္ေဇာဟန္တို႔ သံုးေယာက္လံုးကို ျပည္သူက မုန္းလို႔ အညိဳးထားလို႔ ခုလို မခံမရပ္ႏိုင္ ျဖစ္ေနၾကတာမွ မဟုတ္ပဲ။

ယိုင္နဲ႔ယံုသာမက ဘုန္းဘုန္းပါပစ္လဲေနတဲ့ တရားစီရင္ေရး စနစ္ႀကီးတစ္ခုလံုးကိုမင္းေကာင္းမင္းျမတ္ လက္ထက္မွာ တရားဥပေဒကို ထံုးလိုေခ် ေရလိုေနွာက္ေအာင္ နားလည္တဲ့သမၼတအားကိုးနဲ႔ ျပန္ဆြဲထူဖို႔ ျပည္သူတစ္ရပ္လံုးကပူးေပါင္းပါဝင္ ႀကိဳးစားေနတာပါ

ယခုလို အစိုးရနဲ႔႔ ျပည္သူ ရင္ဘတ္ခ်င္း ဂ်က္ပင္ထိုးထားသလို ခံယူခ်က္ျခင္းတူၿပီး တစ္သံထဲထြက္လာဖို႔ဆိုတဲ့ အခြင့္အေရးမ်ဳိးကလည္း ႏွစ္ေပါင္း ၅၀ အတြင္းမွာ ဒီတစ္ခါပဲ ပထမဆံုးရၾကတာပါ

ဒါေၾကာင့္ ရတဲ့အခြင့္အေရးကို အစိုးရေရာ ျပည္သူပါ ပိုင္ပိုင္ႏိုင္ႏိုင္ အသံုးခ်ၿပီး ပင္လက္လန္ေနတဲ့ တရားဥပေဒကို မတ္တပ္ရပ္ႏိုင္ေအာင္ တတ္ႏိုင္တဲ့ဘက္ကႀကိဳးစားၾကပါစို႔ …

ဒီပြဲမွာ သမၼတရံႈးရင္ က်ေတာ္တို႔ အားလံုး ရံႈးမယ္ က်ေတာ္တို႔ အားလံုးရံႈးရင္ မတရားတဲ့ ဥပေဒေအာက္မွာေနာက္မ်ဳိးဆက္ထိပါ ဒုကၡဆက္ခံၾကရဦးမယ္ဒါေၾကာင့္ ဒီပြဲမွာ တူတာမတူတာ ေဘးဖယ္ထားၿပီးျပည္သူအားလံုး လက္ခ်င္းခ်ိတ္ကာ တရားေရးတည့္မတ္ဖို႔ သမၼတကို ဝန္းရံၾကစို …

ZN.H

Unicode Version
ဒီပွဲမှာ သမ္မတကြီးရှုံးရင် အကုန်ရှုံးပြီ

မနေ့က တရားခံကျော်ဇောဟန်ရဲ့ ရှေ့နေ ဦးချစ်ကိုကို ဆိုတဲ့သူပြောသွားတာ အားလုံးကြားကြမှာပါ

သူစွပ်စွဲသလို ပြည်သူတွေက ဥပဒေကို နားမလည်ပဲနဲ့ လိုင်းပေါ်ကနေ ဖွနေကြလို့ သမ္မတထိ ရောက်သွားပြီး ခုလိုပြန်စစ်တော့မယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြား လုပ်သွားတဲ့ ဥပဒေဘက်တော်သားတွေက ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်တာပါပဲ

ပြည်သူက ဥပဒေကို နားလည်လွန်းလို့ကို ခက်နေတာနားလည်တာမှ တရားဥပဒေလား မတရားတဲ့ ဥပဒေလားဆိုတာကို ကလေးမေးတောင် ဖြေပြပါလိမ့်မယ်

ခုကိစ္စမှာ ပြည်သူတစ်ရပ်လုံး အုံးအုံးကြွတ်ကြွတ် ပွက်လောရိုက်နေကြရတယ်ဆိုတာကလည်းသူ့ရဲ့ တရားခံ ကျော်ဇောဟန်တို့ သုံးယောက်လုံးကို ပြည်သူက မုန်းလို့ အညိုးထားလို့ ခုလို မခံမရပ်နိုင် ဖြစ်နေကြတာမှ မဟုတ်ပဲ။

ယိုင်နဲ့ယုံသာမက ဘုန်းဘုန်းပါပစ်လဲနေတဲ့ တရားစီရင်ရေး စနစ်ကြီးတစ်ခုလုံးကိုမင်းကောင်းမင်းမြတ် လက်ထက်မှာ တရားဥပဒေကို ထုံးလိုချေ ရေလိုနှောက်အောင် နားလည်တဲ့သမ္မတအားကိုးနဲ့ ပြန်ဆွဲထူဖို့ ပြည်သူတစ်ရပ်လုံးကပူးပေါင်းပါဝင် ကြိုးစားနေတာပါ

ယခုလို အစိုးရနဲ့့ ပြည်သူ ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားသလို ခံယူချက်ခြင်းတူပြီး တစ်သံထဲထွက်လာဖို့ဆိုတဲ့ အခွင့်အရေးမျိုးကလည်း နှစ်ပေါင်း ၅၀ အတွင်းမှာ ဒီတစ်ခါပဲ ပထမဆုံးရကြတာပါ

ဒါကြောင့် ရတဲ့အခွင့်အရေးကို အစိုးရရော ပြည်သူပါ ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ပင်လက်လန်နေတဲ့ တရားဥပဒေကို မတ်တပ်ရပ်နိုင်အောင် တတ်နိုင်တဲ့ဘက်ကကြိုးစားကြပါစို့ …

ဒီပွဲမှာ သမ္မတရှုံးရင် ကျတော်တို့ အားလုံး ရှုံးမယ် ကျတော်တို့ အားလုံးရှုံးရင် မတရားတဲ့ ဥပဒေအောက်မှာနောက်မျိုးဆက်ထိပါ ဒုက္ခဆက်ခံကြရဦးမယ်ဒါကြောင့် ဒီပွဲမှာ တူတာမတူတာ ဘေးဖယ်ထားပြီးပြည်သူအားလုံး လက်ချင်းချိတ်ကာ တရားရေးတည့်မတ်ဖို့ သမ္မတကို ဝန်းရံကြစို …

ZN.H