စစ်ကိုင်းတိုင်းပညာရေးမှုးရုံးရှေ့တွင် ပညာရေးဝန်ကြီးအခေါင်းပုံ လာချထား

142

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၊ တိုင်းပညာဦးစီးမှူးရုံးရှေ့ မှာ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက အခေါင်းတစ်ခု ချထားခဲ့တယ်လို့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဗဟိုကော်မတီဝင် တစ်ဦးက ပြောပါတယ်။

ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ကျောင်းပြီးတဲ့ ဆရာ၊ဆရာမ တွေကို အော်ဒါ စာရင်း ထွက်ပေးတာနောက်ကျတဲ့အတွက် ပညာရေးဝန်ကြီးဌာနကို သရော်တဲ့ အနေနဲ့ အခုလို အလောင်းထည့်ထားတဲ့ ပုံစံတူ အခေါင်းတခုကို ပြစ်ချတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနက ဆရာဆရာမ အသစ်တွေရဲ့ တာဝန်ကျရာဒေသ စာရင်းကို နှစ်စဉ် ဇွန်လထဲမှာ နောက်ဆုံးထားပြီး အော်ဒါချ ပေးမယ့်လို့ (၂၀၁၇ ) ကတည်းက ကတိပြုခဲ့ပေမယ့် ဒီနေ့အထိ ကတိမတည် ဖြစ်နေတာကြောင့် အခုလို လှုပ်ရှားမှုပြုလုပ်ရတာ ဖြစ်တယ်လို့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေ ကပြောပါတယ်။

ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်က ဆရာ၊ဆရာမအသစ် တွေအနေနဲ့ ကိုယ်တာဝန်ကျမယ့် နေရာဒေသကို ကြိုတင်မသိရဘဲ တာဝန်ထမ်းဆောင်ရမယ့် နေ့ရက်နီးမှအော်ဒါစာရင်း ထွက်ပေးနေတာကြောင့် ကြိုတင်ပြင်ဆင်ချိန်မရဘဲ အခက်အခဲတွေဖြစ်ကြတယ်လို့ ကိုညီညီမင်းထက်ဝေ ကပြောပါတယ်။

သတင်း-အောင်ကျော်ညွှန့်
One News Myanmar