အာဖဂန်နစ္စတန်နိုင်ငံ ဈေးတစ်ခုတွင်ကားဗုံးခွဲတိုက်ခိုက်ရမှုကြောင့် ၂၃ ဦးသေဆုံး

62

ဇွန်လ ၂၉ ရက်နေ့ မနက် ဝ၉:၀၉ ချိန်တွင် အာဖဂန်နစ္စတန်တောင်ပိုင်းရဲ့ ( Helmand Province ) ဟယ်လ်မန်ခရိုင် ( Sangin District စငင်းမြို့နယ် Kandaha နွားဈေးတွင် လူစည်ကားချိန်၌ အကြမ်းဖက်ကားဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး တစ်ချိန်တည်းမှာပင် ဆက်တိုက် လောင်ချာများဖြင့်ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ လူပေါင်း ၂၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း ၁၅ ဦးထက်မနည်းရရှိကာ တာဝန်ရှိသူတွေကတော့ဒါဟာ တာလီဘန်တွေရဲ့လက်ချက်ဖြစ်တယ်လို့စွတ်စွဲပြောဆိုထားကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင်ဖော်ပြခဲ့သည် ။

.ဟယ်လ်မန်ခရိုင်ဝန်ရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်အရ တိရစ္ဆာန်နှင့်နွား ၊ဆိတ် စသည့် ရောင်းဝယ်ဖောက်ကား အလဲအထပ်ပြုလုပ်သည့် အပတ်စဉ်ဈေးဖြစ်ပြီးဒေသအသီးသီးမှ အများပြည်သူများလာရောက်လည်ပတ်ချိန်နှင့်တိုက်ဆိုင်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ တာလီဘန်တို့လက်ဦးမှုရယူသွားတယ်လို့ဆိုပါတယ်

ဒါပေမယ့် တာလီဘန်ရဲ့ ခေါင်းဆောင် ( Qari Yusouf Ahmadi ) ကိုရီရ် ယူဆွတ် အာဟ်မာဒီ ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ တာလီဘန်ရဲ့လက်ချက်မဟုတ်ကြောင်းငြင်းဆိုထားပါတယ်

သမ္မတ Ashraf Ghani အဆ်ရဖ်ကာနီ ကတော့ ဒီတစ်ကြိမ်အကြမ်းဖက်တိုက်ခိုက်မှုဟာ ကလေးများအမြောက်အများသေဆုံးခဲ့ပြီး တာလီဘန်တွေရဲ့လုပ်ရပ်ကို ” အကြမ်းဖက်သမားတွေ ” လို့ပြစ်တင်ရှုံ့ချခဲ့သလို ပြည်သူများမှလည်း ဆန့်ကျင်ခဲ့ကြကြောင်း တိုက်ခိုက်မှုများကိုအမြန်ဆုံးရပ်သင့်ကြောင်း နှင့် အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလမှာ ဒါဟာအပြင်ထန်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး ငြိမ်းချမ်းရေးဟာ ဟိုမရောက်ဒီမရောက် သဲထဲရေသွန်သလိုဖြစ်နေကြောင်းဝေဖန်ပြောဆိုမှုများရှိနေကြောင်းသိရှိရသည် ။

SiThuMaung