အိပ်မက်ထဲမှာ ဂဏန်း ၆ လုံးဒဲ့လာပေး၍ ထီနှစ်စောင်ထိုးရာ ထိုင်းဘတ် ၁၂ သန်းထီပေါက်

359

ထိုင်းနိုင်ငံ ဖိစနုလို့မြို့မှာနေထိုင်တဲ့ အသက် (၅၅) နှစ်အရွယ် Prayak Romsantiea သည် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၁၆:၃၀ ချိန်တွင် ထိုင်းအစိုးရရဲ့ ထီလက်မှတ် နှစ်စောင်ကိုကိုင်ကာ ပထုန်ဌာနီခရိုင် ခလောင်းဟာ့ရဲတပ်ဖွဲ့စခန်းထဲဝင်လာပြီး ထီပထမဆုကြီးဖြစ်တဲ့ ထီနံပါတ် 347258 နှစ်စောင် ၊ ဘတ် ၁၂ သန်းပေါက်ကြောင်း လာရောက်သတင်းပို့ကာ ရဲစခန်းတွင်မှတ်တမ်းရေးသွင်းခဲ့တယ်လို့သိရပါတယ် ။

သူဟာဘန်ကောက်မြို့နှင့်မနီးမဝေး ပထုန်ဌာနီခရိုင်တွင်လာရောက်၍ မိသားစုစားဝတ်နေရေးအတွက် အမှိုက်ပုံများတွင် စွန့်ပစ်ပစ္စည်းအဟောင်းများလိုက်လံစုဆောင်းကောက်ယူပြီးကီလိုအဟောင်းဆိုင်တွင်ပြန်ရောင်းလေ့ရှိသူတစ်ဦးဖြစ်ပါသည် ။

ဒီထီနံပါတ်ကိုတော့ သူ့ရဲ့အိပ်မက်ထဲတွင် ဂဏန်း ၆ လုံးစလုံး လာရောက်ပေးခဲ့သဖြင့် ထိုးဖြစ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။

SiThuMaung