ကလေးငယ်တစ်ဦး မီးပလပ်ပေါက်ထဲလက်ညှိုးထိုးထည့် ကစားရာမှဓါတ်လိုက်သေဆုံးမှုဖြစ်

554

ဇူလိုင် ၄ ရက်နေ့က ထိုင်းနိုင်ငံ နခွန်ရတ်စီမာခရိုင် ထုန့်မြို့နယ် ပရစ်ကျေးရွာအုပ်စု ရပ်ကွက် ၇ အိမ်အမှတ် ၁၀၅ မှာနေထိုင်ကြတဲ့မိသားစုမှ ၂ နှစ်သားကလေးငယ် နတ်ထကွန်း ဟာ အိမ်မှာကြွေပြားခင်းနေစဉ် အသုံးပြုတဲ့မီးပလပ်ပေါက်ထဲလက်ညှိုးထိုးဆော့ကစားရာ ဓါတ်လိုက်မှုဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ် ။

အလုပ်သမားတွေနေ့လည်အလုပ်နားနေချိန် မိခင်ဖြစ်သူသည် အိမ်ရှေ့မှာအမှိုက်သိမ်းနေစဉ် ကလေးသည်နောက်မှလိုက်လာပြီးကြမ်းပျဉ်မှာချထားသည့် မီးပလပ်ကြိုးအပေါ်ကထဲလက်ထဲ့ပြီးဆော့လိုက်ခြင်းဖြစ်ပါတယ် ၊ ကလေးအော်သံကြားလို့ချက်ခြင်းကယ်လိုက်ကြပေမယ့်လည်းအသက်မရှိတော့ပါဘူး ၊ မိဘနှစ်ပါးရင်ထုမနာဖြစ်ရပေမယ့်လည်း မိဘတွေရော အလုပ်သမားတွေပေါ့ဆမှုကြောင့်လို့ဘဲဆိုရမလိုဖြစ်နေပါတယ် ။

SiThuMaung